Connect with us

Africa & Middle East

အင်ဂိုလာနိုင်ငံတွင် ရထားနှစ်စီးတိုက်မိမှုကြောင့် အနည်းဆုံး လူ ၁၇ ဦး သေဆုံး

ဆွစ်ဇာလန်တွင် ဖြစ်ပွားခဲ့သည့် ရထားတိုက်မှုတစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ)

လုအန်ဒါ ၊ စက်တင်ဘာ ၅ ရက်(ဆင်ဟွာ)

အင်ဂိုလာနိုင်ငံ အနောက်တောင်ပိုင်း Namibe ပြည်နယ်တွင် စက်တင်ဘာ ၄ရက်က ရထားနှစ်စီးတိုက်မိမှုကြောင့် အနည်းဆုံး လူ ၁၇ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းဒေသအရာရှိတစ်ဦးက ယင်းနေ့တွင် ပြောကြားခဲ့သည်။

Namibe ပြည်နယ် Bibalaမြို့တွင် စက်တင်ဘာ ၄ရက်နေ့ မနက်ပိုင်းက ကုန်တင်ရထားတစ်စီးနှင့် မီးရထားလမ်းပြုပြင်ထိန်းသိမ်းရေး ရထားတစ်စီးတိုက်မိမှု ဖြစ်ပွားခဲ့ကြောင်း၊ ကူညီကယ်ဆယ်ရေး ဝန်ထမ်းများ အချင်းဖြစ်နေရာသို့သွားရောက်ပြီး ဒဏ်ရာရသူများကို နီးစပ်ရာ ဆေးရုံသို့ ဆေးကုသရန် ပို့ဆောင်ထားကြောင်း ၊ဒဏ်ရာပြင်းထန်သူများရှိသောကြောင့် သေဆုံးသူဦးရေ ဆက်လက်မြင့်တက် လာနိုင်ဖွယ်ရှိကြောင်း Namibe ပြည်နယ်အရာရှိက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.