Connect with us

Africa & Middle East

အစ္စရေးဒုံးကျည် နှစ်စင်း ဒမတ်စကတ်စ် လေဆိပ်အနီးကျရောက်

အစ္စရေးနိုင်ငံမှ ပစ်လွှတ်လိုက်သော Arrow 3 ကြားဖြတ်တိုက်ချင်းပစ် ဒုံးကျည် တစ်စင်း အားတွေ့ ရစဉ်(ဆင်ဟွာ)

ဒမတ်စကတ်စ် ၊ ဇွန် ၂၆ ရက်(ဆင်ဟွာ)

အစ္စရေးနိုင်ငံမှ ပစ်လွှတ်လိုက်သော ဒုံးကျည် နှစ်စင်းသည် ဆီးရီးယားနိုင်ငံ ဒမတ်စကတ်စ်လေဆိပ်အနီးသို့ကျရောက်ခဲ့ကြောင်း ဆီးရီးယားနိုင်ငံပိုင်ရုပ်သံက သတင်းထုတ်လွှင့်ခဲ့သည်။

ရုပ်သံတင်ဆက်မှုတွင် အသေးစိတ်အချက်အလက်များမပါဝင်သော်လည်း တက်ကြွလှုပ်ရှားသူ များထံမှ ရုပ်သံသတင်းမတိုင်မီ မိနစ်အနည်းငယ်၌ သတင်းပေးပို့ချက်တွင် အဆိုပါ အလယ်အလတ်အဆင့်ရှိ ပေါက်ကွဲမှုမှာ အစ္စရေးဒုံးကျည်ပစ်လွှတ်မှုဖြစ်ကြောင်း ဆိုထားသည်။

အစ္စရေးတို့၏ တိုက်ခိုက်မှုမှာ မည်သည့်နေရာကို ပစ်မှတ်ထားသည်ကို မသိရှိရသေးပေ။

အစ္စရေးနိုင်ငံသည် ဆီးရီးယားနိုင်ငံအတွင်းရှိ ဒမတ်စကတ်စ်လေဆိပ်အပါအဝင် စစ်ဘက်ပစ်မှတ်များကို ဦးတည်တိုက်ခိုက်ခဲ့ပြီး ၊ ၎င်းတိုက်ခိုက်မှုများမှာ ဆီးရီးယားစစ်စခန်းများတွင်တပ်စွဲထားသည့် အီရန်စစ်တပ်ပစ်မှတ်များကို ဦးတည်ကြောင်း သိရသည်။

ပြီးခဲ့သော မေလက အစ္စရေးစစ်တပ်သည် ဆီးရီးယားနိုင်ငံအတွင်းရှိ စစ်ဘက်ပစ်မှတ်များစွာကို တိုက်ခိုက်ခဲ့ပြီး ယင်းမှာ ဆီးရီးယားနိုင်ငံ၌ အခြေစိုက်လှုပ်ရှားနေသည့် အီရန်စစ်ဘက်ပစ်မှတ်များကို ဦးတည်ကြောင်း ဆိုထားသည်။

ဇွန်လ ၂၄ ရက်က အစ္စရေးစစ်တပ်သည် ဆီးရီးယား-အီရတ် နှစ်နိုင်ငံနယ်စပ်အနီးတွင် လှုပ်ရှားနေသည့် ဆီးရီးယားအစိုးရထောက်ခံသည့် ရှီအိုက် တိုက်ခိုက်ရေးသမားများကို တိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်ရေးသမား ၄ဝ ကျော်သေဆုံးခဲ့ကြောင်း သိရသည်။

ဆီးရီးယားနိုင်ငံအစိုးရက အစ္စရေးနိုင်ငံအနေဖြင့် အကြမ်းဖက်အုပ်စုများကို ထောက်ခံအားပေးနေကြောင်း စွပ်စွဲထားပြီး တိုက်ခိုက်မှုများမှာ အကြမ်းဖက်သမားများအတွက်ဖြစ်နေကြောင်း ဆိုသည်။

ဆီးရီးယားနိုင်ငံ၌ မည်သည့် အီရန် စစ်ဘက်ဆိုင်ရာတည်ရှိမှုကိုမျှ သည်းခံမည်မဟုတ်ကြောင်း အစ္စရေးက ရှင်းရှင်းလင်းလင်း သတိပေးထားပြီး ဆီးရီးယားနိုင်ငံ၌ အခြေစိုက်လှုပ်ရှားနေသည့် အီရန်တိုက်ခိုက်ရေးသမားများကို ဦးတည်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း အစ္စရေး က ပြောကြားထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.