Connect with us

Africa & Middle East

အစ္စရေးနိုင်ငံသမ္မတက ညွန့်ပေါင်းအစိုးရတစ်ရပ်ဖွဲ့စည်းနိုင်ရန် ဝန်ကြီးချုပ်ဘင်ဂျမင် နေတန်ရာဟု အားတာဝန်ပေး

အစ္စရေးနိုင်ငံသမ္မတ ရူဗင်ရိဗ်လင် က အစိုးရသစ်ဖွဲ့စည်းရေး ဆောင်ရွက်ရန် တာဝန်ပေးလွှာကို ဝန်ကြီးချုပ်ဘင်ဂျမင် နေတန်ရာဟု အား ဂျေရုစလင်မ်မြို့ရှိ သမ္မတ အိမ်တော်၌ စက်တင်ဘာလ ၂၅ ရက်ကပေးအပ်စဉ်(ဆင်ဟွာ)

ဂျေရုစလင်မ်၊ စက်တင်ဘာလ ၂၆ ရက်(ဆင်ဟွာ)

အစ္စရေးနိုင်ငံသမ္မတ ရူဗင်ရိဗ်လင်(Reuven Rivlin) ကအစ္စရေးရွေးကောက်ပွဲများတွင် တိကျပြတ်သား မှုမရှိသောရလဒ်များကြောင့် မတိုးသာမဆုတ်သာ ဖြစ်နေရသောအခြေအနေ ကို ကျော်လွှားနိုင်ရန် အ တွက်ဆယ်စုနှစ်တစ်ခုကြာတာဝန်ယူထားခဲ့သည့် ဝန်ကြီးချုပ်ဘင်ဂျမင် နေတန်ရာဟု အားနောက်ထပ် အစိုးရသစ်ဖွဲ့စည်းရေး စုဝေးဆောင်ရွက်ရန် စက်တင်ဘာလ ၂၅ ရက်က တောင်းဆို တာဝန်ပေးလိုက် ကြောင်းသိရသည်။

နေတန်ရာဟု အနေဖြင့် ရွေးကောက်ပွဲအနိုင်ရပါတီအများစုဖြင့် ညွန့်ပေါင်းအစိုးရတစ်ရပ်ဖွဲ့စည်းနိုင်ရန် စက်တင်ဘာလ၂၆ ရက်မှစ၍ရက်သတ္တပတ်ခြောက်ပတ်ကြာအချိန်ရမည်ဖြစ်သည်။၎င်းဦးဆောင်သည့် လီကွတ်ပါတီအနေဖြင့် ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲတွင် အမတ်နေရာ ၃၂ နေရာသာနိုင် ခဲ့သဖြင့် အမတ်နေရာ ၁၂၀ ရှိသောအစ္စရေးလွှတ်တော်၏အစိုးရဖွဲ့နိုင်ရန်လိုအပ်သောအမတ်နေရာ    ၆၁ နေရာကိုမပြည့်မီဘဲ ဖြစ်ခဲ့ရသည်။

အတိုက်အခံ ပါတီဖြစ်သော ဘင်နီဂင့်ဇ်ဦးဆောင်သည့် Blue and White ပါတီ ကရွေးကောက်ပွဲတွင် အမတ်နေရာ ၃၃ နေရာရကာ လီကွတ်ပါတီအပေါ် မဆိုစလောက်ဖြင့်အနိုင်ရခဲ့သော်လည်း သမ္မတ ရူဗင်ရိဗ်လင် က အစ္စရေးနိုင်ငံ၏ ၃၆ ကြိမ်မြောက်အစိုးရဖွဲ့စည်းရေး ဝန်ကြီးချုပ်နေတန်ရာဟု ကိုသာ တာဝန်ပေးသွားမည်ဟု အသံလွှင့်ကြေညာခဲ့သည်။

သမ္မတ ရူဗင်ရိဗ်လင် က နှစ်ရက်ကြာအကြံပြုမှုလုပ်ငန်းစဉ်အပြီးတွင် ၎င်းအနေဖြင့်အစိုးရဖွဲ့စည်းရေး အတွက် ဝန်ကြီးချုပ်နေတန်ရာဟု ကိုတာဝန်ပေးခဲ့ခြင်းဖြစ်ကြောင်းပြောခဲ့သည်။ အဆိုပါအကြံပြုမှုလုပ် ငန်းစဉ်တွင် ဥပဒေပြုအမတ် ၅၅ ဦးက ၎င်းတို့အနေဖြင့် နောက်ဝန်ကြီးချုပ်အဖြစ် နေတန်ရာဟု အား ထောက်ခံပါကြောင်းနှင့် ၎င်း၏ခေါင်းဆောင်မှုဖြင့်ညွန့်ပေါင်းအစိုးရသစ်ဖွဲ့ရန် သဘောတူပါကြောင်း လည်းပြောကြားခဲ့ကြသည်။ ဘင်နီဂင့်ဇ် အားအစိုးရသစ်ကို ဦးဆောင်ဖွဲ့စည်းရန်အတွက်လည်း ဥပ ဒေပြုအမတ် ၅၄ ဦးက ထောက်ခံခဲ့ကြကြောင်းသိရသည်။ သို့သော် ၎င်းတို့အနက် ၁၀ ဦးမှာအာရပ်- ဂျူး ပူးတွဲစာရင်းတွင် ပါဝင်ကာ ၎င်းတို့အနေဖြင့် ဘင်နီဂင့်ဇ် ဦးဆောင်မည့့််ညွန့်ပေါင်းအစိုးရသစ်ကို မူ လက်တွဲလိမ့်မည်မဟုတ်ဟုပြောခဲ့ကြသည်။

နေတန်ရာဟုကလည်းသမ္မတ၏တာဝန်ပေးမှုကိုလက်ခံကာ ၎င်း၏ဦးဆောင်မှုအောက်၌ညီညွတ်သော ညွန့်ပေါင်းအစိုးရတစ်ရပ်ဖွဲ့စည်းနိုင်ရေးတောင်းဆိုပြောကြားခဲ့သည်။သို့သော်ဘင်နီဂင့်ဇ် ကထိုတောင်း ဆိုချက်ကို ငြင်းပယ်ခဲ့သည်။ စစ်တပ်အကြီးအကဲဟောင်း တစ်ဦးဖြစ်သော ဘင်နီဂင့်ဇ် က ညီညွတ်မှု အတွက်၎င်းအနေဖြင့်ကတိပြုခဲ့ပြီးဖြစ်ကြောင်း၊သို့သော် ကြောက်မက်ဖွယ်အဂတိလိုက်စားမှုစွဲချက်များ ကိုရင်ဆိုင်နေရသည့်ခေါင်းဆောင်တစ်ဦးနှင့်လက်မတွဲနိုင်ကြောင်း နေတန်ရာဟု က အဂတိလိုက်စားမှု အချို့တွင်ပါဝင်ပတ်သက်နေခြင်းအားရည်ညွှန်းပြောကြားခဲ့သည်။

အစ္စရေး နိုင်ငံတွင် ယခင်က ညွန့်ပေါင်းအစိုးရများဖွဲ့စည်းရန်ကြိုးစားခဲ့ရာ၌ ပါတီငယ်များအနေဖြင့် ရွေး ကောက်ပွဲမဲဆွယ်လှုပ်ရှားမှုများတွင် ၎င်းတို့က မဲဆန္ဒရှင်များကိုကတိပေးခဲ့ကြသည့်အတိုင်းဖြည့်ဆည်း နိုင်စေရန်အတွက် အစိုးရအဖွဲ့ဝင်နေရာများနှင့်ငွေရေးကြေးရေးနှင့်ဥပဒေရေးရာပြောင်းလဲမှုများပြုလုပ် ရန်ကိုပါတောင်းဆိုလေ့ရှိုကြသောကြောင့် အချိန်များစွာယူခဲ့ရသည်ကိုတွေ့ရှိရသည်။(Xinhua)