Connect with us

Africa & Middle East

ဆီးရီးယား စစ်တပ်က အမေရိကန် နှင့် အစ္စရေးထုတ် လက်နက်များအား တောင်ပိုင်းဒေသတွင် ရှာဖွေ တွေ့ရှိ

ဆီးရီးယား နိုင်ငံ တောင်ပိုင်းဒေသတွင် သိမ်းဆည်း ရမိခဲ့သော လက်နက်များ နှင့် ခဲယမ်း မီးကျောက် များကို တွေ့ရစဉ်(ဆင်ဟွာ)

ဒမတ်စကတ်စ် ၊ စက်တင်ဘာ ၂၆ ရက်(ဆင်ဟွာ) 

ဆီးရီးယား စစ်တပ်က အမေရိကန် နိုင်ငံ နှင့် အစ္စရေး နိုင်ငံထုတ် လက်နက် တစ်ချို့ပါဝင်သည့် ပမာဏ များပြားလှသော လက်နက်များ နှင့် ခဲယမ်းမီးကျောက်များကို စက်တင်ဘာ ၂၅ ရက်တွင် ဆီးရီးယား နိုင်ငံ တောင်ပိုင်းဒေသတွင် သိမ်းဆည်း ရမိခဲ့ကြောင်း နိုင်ငံပိုင် SANA သတင်းဌာန၏ ဖော်ပြမှု အရ သိရသည်။

သိမ်းဆည်းရမိခဲ့သော လက်နက်များအား လျှို့ဝှက် သိမ်းဆည်းထားသော လက်နက်တိုက် အတွင်းမှ ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး အရွယ်အစား ပုံစံ မျိုးစုံ ရှိသော စက်သေနတ်များ နှင့် လက်ဖြောင့် ရိုင်ဖယ် သေနတ်များ ၊ အမေရိကန် နိုင်ငံထုတ် ရိုင်ဖယ်သေနတ်များ နှင့် အစ္စရေး နိုင်ငံထုတ် ဆက်သွယ်ရေး ပစ္စည်းများ နှင့် ညကြည့် မှန်ပြောင်းများ ပါဝင်ကြောင်း SANA သတင်းဌာန၏ ဖော်ပြမှု အရ သိရသည်။

ထို့အတူ သိမ်းဆည်းမိသော လက်နက်များထဲတွင် အရေအတွက်အားဖြင့် နှစ်သိန်း ဝန်းကျင် ရှိသော Grad ဒုံးကျည်များ ၊ ဒုံးပစ်လောင်ချာများ ၊ ပုံစံ မျိုးစုံ ရှိသော အမြောက်ဆံများ ၊ လက်ပစ်ဗုံးများ ပါဝင်ကြောင်း သိရသည်။

ဆီးရီးယား နိုင်ငံ တောင်ပိုင်းဒေသတွင် သိမ်းဆည်း ရမိခဲ့သော လက်နက်များ နှင့် ခဲယမ်း မီးကျောက် များကို တွေ့ရစဉ်(ဆင်ဟွာ)

ဆီးရီးယား စစ်တပ်က များစွာသော လက်နက်များကို တောင်ပိုင်း ဒါရား(Daraa) ပြည်နယ် နှင့် နိုင်ငံ အနှံတွင် သူပုန်များ ရှုံးနိမ့်သွားခဲ့ပြီးနောက် တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဆီးရီးယား နိုင်ငံ တောင်ပိုင်းရှိ ဒါရားပြည်နယ်သည် ဆီးရီးယား နိုင်ငံတွင် ရှစ်နှစ်ကြာ ဆင်နွှဲခဲ့ရသည့် စစ်ပွဲ စတင် ဖြစ်ပွားခဲ့သည့် နေရာ အဖြစ် ကြီးမားသည့် အရေးပါမှု ရှိကြောင်း ၊ ၂၀၁၈ ခုနှစ်တွင် ဒါရားပြည်နယ် လွတ်မြောက်ရေး အတွက် ကြိုးစားခဲ့သည့်နောက်တွင် သူပုန်များကို အသေးစိတ် ရှင်းလင်းမှု၏ တစ်စိတ်တစ်ပိုင်း အဖြစ် စစ်တပ်က ပြည်နယ် အတွင်း လက်နက်များအား တွေ့ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။(Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117