Connect with us

Africa & Middle East

အစ္စရေးနိုင်ငံသို့ ဒေါ်လာ ၇၃၅ သန်းတန်ဖိုးရှိ စစ်လက်နက်များ ရောင်းချရန် ခွင့်ပြုခဲ့သည့် သမ္မတဘိုင်ဒင်အား တူရကီသမ္မတ ပြစ်တင်ဝေဖန်

အန်ကာရာ ၊ မေ ၁၈ ရက်(ဆင်ဟွာ)

အစ္စရေးနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၇၃၅ သန်းတန်ဖိုးရှိ စစ်လက်နက်များ ရောင်းချရန် ခွင့်ပြုခဲ့သည့်အတွက် အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒင်အား တူရကီနိုင်ငံ သမ္မတ Recep Tayyip Erdogan ကပြစ်တင်ဝေဖန်လိုက်သည်။“ အမေရိကန်နိုင်ငံ သမ္မတဟာ ဂါဇာက အချိုးအစားမမျှတစွာ တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်မှာ သွေးစွန်းတဲ့ လက်တွေနဲ့ သမိုင်းကို ရေးနေပါတယ်။”ဟု တူရကီနိုင်ငံ သမ္မတ Erdogan က အစ္စရေးနှင့် ပါလက်စတိုင်းတို့အကြား လတ်တလောပဋိပက္ခ ဖြစ်ပွားမှု အခြေအနေအပေါ် အသေးစိတ် ရှင်းလင်းခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ဒါကို ပြောဖို့ ခင်ဗျားက ကျွန်တော်တို့ကို တွန်းအားပေးခဲ့တယ်။ ဒီဟာအပေါ်မှာ ကျွန်တော်တို့ အသံတိတ်နေလို့ မရတော့ဘူး။”ဟု ၎င်းက ပြောကြားခဲ့သည်။

“ပါလက်စတိုင်းနယ်မြေတွေကို သွေးတွေ ၊ ရက်စက်မှုတွေနဲ့ ဆေးကြောခံနေရပါတယ်။ခင်ဗျားကလည်း ဒါကို ထောက်ပံ့ပေးနေပါတယ်။”ဟု ၎င်းက မှတ်ချက်ပြုခဲ့သည်။

ယင်းနေ့အစောပိုင်းက အမေရိကန်နိုင်ငံ အစိုးရသည် အစ္စရေးနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၇၃၅ သန်းတန်ကြေးရှိ တိကျသောပဲ့ထိန်း စနစ်သုံး လက်နက်များ ရောင်းချပေးရန် ခွင့်ပြုခဲ့ကြောင်း သတင်းများအရ သိရသည်။ (Xinhua)
#Turkish #Israel #JoeBiden #တူရကီနိုင်ငံ #အစ္စရေးနိုင်ငံ #ဂျိုးဘိုင်ဒင် #လက်နက် #ဆင်ဟွာ #xinhua #Myanmar #xinhuamyanmar
——————————————————-
(English Version)

Turkish president condemns Biden for approval of 735-mln-USD arms sales to Israel

ANKARA, May 17 (Xinhua) — Turkish President Recep Tayyip Erdogan on Monday condemned his U.S. counterpart Joe Biden for approval of arms sales to Israel.

The U.S. president was “writing history with bloody hands in this incident where Gaza was attacked disproportionately,” Erdogan said at a press conference elaborating on recent clashes between Israelis and Palestinians.

“You have forced us to say this. We can’t stay silent on this anymore,” he added.
“Palestinian lands are being washed with blood and cruelty. You are also supporting this,” Erdogan noted.
Earlier in the day, the U.S. government reportedly approved the sale of 735 million U.S. dollars in precision-guided weapons to Israel. ■