Connect with us

Africa & Middle East

အစ္စရေးနှင့် ပူးပေါင်းသည့် ပါလက်စတိုင်း ငါးဦးအား ဟားမတ်စ် အဖွဲ့က ကွပ်မျက်ရန် ဆုံးဖြတ်

အစ္စရေးနှင့် ပူးပေါင်းသည့် အတွက် သေဒဏ်ပေးခံရသည့် ပါလက်စတိုင်း တစ်ဦးအားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဂါဇာ၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)

ဂါဇာ ကမ်းမြောင်ဒေသရှိ အစ္စလာမ်မစ် ဟားမတ်စ် စစ်သွေးကြွအုပ်စု၏ တရားရုံးက ပါလက်စတိုင်း ငါးဦးအား အစ္စရေးနှင့် ပူးပေါင်းသည့် အတွက် သေဒဏ်ပေးရန် ဇူလိုင်လ ၁၉ ရက်က ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ဟားမတ်စ် စစ်သွေးကြွ အုပ်စု၏ တရားစီရင်ရေးမှ အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက ဂါဇာ ဟားမတ်စ် စစ်သွေးကြွအုပ်စု၏ တရားစီရင်ရေး လက်အောက်ရှိ အမြဲတမ်း တရားရုံးက ပါလက်စတိုင်း သုံးဦးကို ကြိုးမိန့် နှင့် ကျန်နှစ်ဦးအား သေနတ်နှင့် ကွပ်မျက်ရန် ဆုံးဖြတ်ခဲ့ကြောင်း ပြောခဲ့သည်။
အဆိုပါ တရားခံ ငါးဦးမှာ ပါလတ်စတိုင်း စစ်တပ် ခေါင်းဆောင်များကို စောင့်ကြည့်ကာ ၎င်းတို့နှင့် ဆက်စပ်နေသည့် သတင်းအချက်အလက်များအား အစ္စရေးနိုင်ငံသို့ ပေးပို့သည့် ပြစ်မှုဖြင့် သေဒဏ်ပေးခံရခြင်း ဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးကပြောကြားခဲ့သည်။
ဟားမတ်စ် စစ်သွေးကြွအုပ်စု၏ ပြည်ထဲရေးဝန်ကြီးဋ္ဌာနက ရည်ရွယ်ချက်ဖြင့် လူသတ်မှု ကျူးလွန်ခဲ့သော ပါလတ်စတိုင်း သုံးဦးကို ဂါဇာဒေသ၌ သေဒဏ်ပေးခဲ့ကြောင်း ဇွန်လက ကြေညာခဲ့သည်။
ဟားမတ်စ် စစ်သွေးကြွအုပ်စုသည် ပါလက်စတိုင်းသမ္မတ Mohmoud Abbas နှင့် ၎င်း၏ Fatah ပါတီ၏ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ရက်သတ္တပတ်များစွာ တိုက်ခိုက်ခဲ့ပြီးနောက် ၂၀၀၇ ခုနှစ် ဇွန်လ ကစ၍ ဂါဇာကမ်းမြောင်ဒေသအား ထိန်းချုပ်ထားခဲ့ကြောင်း သိရသည်။
ဟားမတ်စ် စစ်သွေးကြွတို့သည် ပြည်တွင်းစစ် စတင် ဖြစ်ပွားစဉ်ကတည်းက သမ္မတ Abbas ၏ အတည်ပြုချက် မရှိဘဲ ပါလက်စတိုင်းနိုင်ငံ၏ အခြေခံဥပဒေကို ချိုးဖောက်၍ တရားမဝင် သေဒဏ်ပေးမှုများကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.