Connect with us

Africa & Middle East

အကြမ်းဖက်မှု များပြားလာ၍ မာလီတွင် အရေးပေါ် အခြေအနေ ရက်တိုး

မာလီနိုင်ငံ အတွင်း လုံခြုံရေး ဆောင်ရွက်နေသည့် ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် အချို့အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဘာမာကို၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)

မာလီနိုင်ငံတွင် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားနေသေး၍ နိုင်ငံတော်အဆင့် အရေးပေါ်အခြေအနေ ကြေညာထားမှုအား ဇူလိုင်လ ၂၀ ရက်တွင် နောက်ထပ် ၁၀ ရက် ထပ်မံ တိုးမြင့်ခဲ့ကြောင်း ပြည်တွင်း သတင်းဋ္ဌာန များက ဖော်ပြခဲ့သည်။

မာလီနိုင်ငံ အလယ်ပိုင်း မြို့ဖြစ်သော နမ်ပါလာရှိ စစ်အခြေစိုက် စခန်းတစ်ခုတွင် ဇူလိုင်လ ၁၉ ရက်က အကြမ်းဖက် တိုက်ခိုက်မှုကြောင့် အနည်းဆုံး စစ်သား ၁၀ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ ပြီးနောက် နိုင်ငံတော် ဝန်ကြီးများကောင်စီ က အဆိုပါ ဆုံးဖြတ်ချက်အား ချမှတ်ခဲ့ခြင်းဖြစ်သည်။
အစိုးရကလည်း ဇူလိုင်လ ၁၉ ရက်တွင် သေဆုံးသွားသည့် စစ်သည်များ အတွက် ဝမ်းနည်းသည့် အထိမ်းအမှတ် အဖြစ် ရက် သုံးရက် ကြေညာပေးခဲ့ကြောင်း သိရသည်။
မာလီနိုင်ငံသည် အရေးပေါ်အခြေအနေအား ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် စတင်ကြေညာခဲ့ခြင်း ဖြစ်ပြီး ၂၀၁၆ ခုနှစ် ဧပြီလတွင် နောက်ထပ် သုံးလ တိုးမြှင့်ခဲ့ကြောင်း သိရသည်။
ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ က ဇွန်လ နှောင်းပိုင်းတွင် မာလီနိုင်ငံရှိ လက်နက်ကိုင် အုပ်စုများအား လုံခြုံရေးအရ ပြန်လည်တုံ့ပြန်နိုင်ရန် ကုလသမဂ္ဂ၏ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု မစ်ရှင်၏ အင်အား အဆင့်ကို တိုးမြှင့်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.