Connect with us

Africa & Middle East

တူရကီ အာဏာသိမ်းရန် ကြိုးပမ်းမှု၌ ကြံစည်သူ ၁၀၄ ဦး သေဆုံးခဲ့

တူရကီနို်င်ငံ အစ္စတန်ဘူလ်ရှိ တံတား တစ်စင်းပေါ်၌ လုံခြုံရေးအဖွဲ့ဝင်များအား တွေ့ရစဉ် (ဆင်ဟွာ)

အန်ကာရာ၊ အစ္စတန်ဘူလ်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ စစ်တပ် အာဏာသိမ်းရန်ကြိုးပမ်းမှု၌ ကြံစည်သူ ၁၀၄ ဦး၊ စစ်သား၊ ရဲနှင့် အရပ်သား ၉၀ ဦး သေဆုံးခဲ့ကာ စစ်တပ် အရာရှိ ၁၅၆၃ ဦး ထိန်းသိမ်းခံထားရကြောင်း တူရကီ ခေတ္တ စစ်ဦးစီး အရာရှိချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး Umit Dundar က ဇူလိုင်လ ၁၆ ရက်၌ ပြောကြားခဲ့သည်။

စစ်တပ်အတွင်း စင်ပြိုင် ဖွဲ့စည်း လုပ်ဆောင်မှုတွေကို ရှင်းလင်းရန် ဆုံးဖြတ်ထားကြောင်း ခေတ္တ စစ်ဦးစီး အရာ ရှိချုပ် (ကြည်း) Umit Dundar က ရုပ်မြင်သံကြား အင်တာဗျူး မိန့်ခွန်း၌ ပြောကြားခဲ့သည်။ ၎င်းသည် အာဏာသိမ်းရန် ကြိုးစားသူများက ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာသည့် စစ်ဦးစီး အရာရှိချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး Hulusi Akar ၏ နေရာ၌ အစားထိုး ခန့်အပ်ခံခဲ့ရခြင်း ဖြစ်သည်။
သေဆုံးသူများစာရင်း၌ ရဲ ၄၁ ဦးနှင့် စစ်သား ၂ ဦးနှင့် ဒဏ်ရာရရှိသူ ၁၁၅၄ ဦးရှိခဲ့ကြောင်း သိရသည်။
တူရကီ စစ်ဋ္ဌာနချုပ်ရှိ အနည်းဆုံး စစ်သား ၇၀၀ ခန့် လက်နက်ချခဲ့ကြောင်း သိရသည်။
တူရကီနိုင်ငံတွင် ညတွင်းချင်း စစ်တပ်အာဏာသိမ်းရန် ကြိုးပမ်းမှု ဖြစ်ပွားခဲ့သော်လည်း အစိုးရက ထိန်းသိမ်း နိုင်ခဲ့ပြီးနောက် အစိုးရက ဆက်လက် အာဏာတည်နေဆဲ ဖြစ်ကြောင်း သမ္မတ Recep Tayyip Erdogan က ဇူလိုင်လ နံနက်ပိုင်းက ပြောကြားခဲ့သည်။
ယင်း ဖြစ်ရပ်၌ သေဆုံးသူများ၌ ဒေသခံ ဓာတ်ပုံ သတင်းထောက် တစ်ဦးလည်း ပါဝင်ခဲ့ကြောင်း Hurriyet နေ့စဉ် သတင်းစာက အတည်ပြုခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.