Connect with us

Africa & Middle East

အစ္စရေး နိုင်ငံ လေတပ် က ဆီးရီးယား နိုင်ငံ အတွင်း ရှိ ဒုံးကျည် ပစ်လွှတ် စင် အား ဗုံးကြဲ တိုက်ခိုက်မှု ဆောင်ရွက်

အစ္စရေး နိုင်ငံ လေတပ် မှ တိုက်လေယာဉ် တစ်စင်း အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဂျေရုစ်စလင် ၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

အစ္စရေး နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန က အစ္စရေး နိုင်ငံ လေတပ် အနေဖြင့် ဇူလိုင်လ ၂၅ ရက် ၌ ဆီးရီးယား နိုင်ငံ အတွင်း ရှိ ဒုံးကျည် ပစ်လွှတ်စင် အား ဗုံးကြဲ တိုက်ခိုက်မှု ဆောင်ရွက် ခဲ့ကြောင်း ယင်းနေ့ ညပိုင်းအချိန် ၌ ထုတ်ပြန်ကြေညာ ခဲ့သည်။

ထုတ်ပြန်ကြေညာချက် တွင် အစ္စရေး နိုင်ငံ ဗုံးကြဲ တိုက်ခိုက်မှု ဆောင်ရွက် ခဲ့သည့် ဒုံးကျည် ပစ်လွှတ်စင် က ယင်းနေ့ တွင် အစ္စရေး နိုင်ငံ နယ်နိမိတ် အတွင်း သို့ ဒုံးကျည် ၂ စင်း ပစ်လွှတ် ခဲ့ကြောင်း ပါဝင် ခဲ့သည်။

အစ္စရေး နိုင်ငံ စစ်ဘက်ဆိုင်ရာ က လတ်တလောရက်ပိုင်း အတွင်း အစ္စရေး နိုင်ငံ အတွင်း ဖြစ်ပွား နေသည့် ပြည်တွင်းစစ် သည် အစ္စရေး-ဆီးရီးယား နှစ်နိုင်ငံ နယ်စပ် ဒေသ အပေါ် သက်ရောက်မှုများ ဖြစ်ပေါ်လာစေခဲ့ကြောင်း ၊ အစ္စရေး နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန အနေဖြင့် နိုင်ငံအချုပ်အခြာ အာဏာ နှင့် ပြည်သူ့ လုံခြုံရေး ကို ထိခိုက်စေသည့် မည်သည့် ဆောင်ရွက်မှု မဆို တုန့်ပြန်မှုများ ပြန်လည် ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

သတင်းဖော်ပြချက်များအရ ဆီးရီးယား နိုင်ငံ အတွင်း မှ ပစ်လွှတ် ခဲ့သည့် ဒုံးကျည် ၂ စင်း က ဂိုလန် ကုန်းမြင့် ဒေသ သို့ ကျရောက် ခဲ့ပြီး လေကြောင်း ကာကွယ်ရေး အချက်ပေးမှုများ ထွက်ပေါ် စေခဲ့ကြောင်း ၊ ၎င်း ဒုံးကျည် ၂ စင်း မှာ ဆီးရီးယား ပြည်တွင်းစစ် တိုက်ခိုက်မှု များ ဆောင်ရွက်စဉ် အစ္စရေး နိုင်ငံ အတွင်း သို့ မှာယွင်း ကျရောက် ခဲ့ခြင်း ဖြစ်ပြီး အစ္စရေး နိုင်ငံ အား ရည်ရွယ်၍ တိုက်ခိုက်ခဲ့ခြင်း မဟုတ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.