Connect with us

Africa & Middle East

အမေရိကန် မင်းသား ရှောင်ပန်က ခါရှိုဂျီအသတ်ခံရမှု မှတ်တမ်းအတွက် တူရကီသို့ ရောက်ရှိ

အမေရိကန်နိုင်ငံ မင်းသားနှင့် ရုပ်ရှင်ထုတ်လုပ်သူ ရှောင်ပန်အား တွေ့ရစဉ် (ဆင်ဟွာ)

အစ္စတန်ဘူ၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ မင်းသားနှင့် ရုပ်ရှင်ထုတ်လုပ်သူ ရှောင်ပန် (Sean Penn) နှင့် ၎င်း၏အဖွဲ့တို့သည် ဆော်ဒီနိုင်ငံသား သတင်းထောက် ဂျမယ်လ် ခါရှိုဂျီ (Jamal Khashoggi) အသတ်ခံရမှု မှတ်တမ်းရုပ်ရှင်အတွက် အစ္စတန်ဘူလ်မြို့ရှိ ဆော်ဒီအာရေဗျနိုင်ငံ ကောင်စစ်ဝန်ရုံးရှေ့တွင် ဒီဇင်ဘာလ ၅ ရက်က ရိုက်ကူးရေးအချို့လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ရှောင်ပန်သည် နိုင်ငံတကာမှ ကန့်ကွက်မှုဖြစ်ခဲ့သော ခါရှိုဂျီအသတ်ခံရမှုအကြောင်း မှတ်တမ်းရုပ်ရှင်ရိုက်ကူးရန် အသေးစိတ်အချက်အလက်များ စုစည်းရန် ကြိုးပမ်းနေခြင်း ဖြစ်ကြောင်း ပုဂ္ဂလိကအသံလွှင့်ဌာနတစ်ခုဖြစ်သော NTV က ပြောကြားခဲ့သည်။

ပန်သည် အစ္စတန်ဘူလ်မြို့၌ ခါရှိုဂျီနှင့် စေ့စပ်ထားသော အမျိုးသမီး Hatice Cengiz နှင့် တွေ့ဆုံနိုင်ရန် မျှော်လင့်ထားကြောင်း NTV အဆိုအရ သိရသည်။

ထို့ပြင် ၎င်းသည် မြို့တော် အန်ကာရာသို့ သွားရောက်မည်ဖြစ်ပြီး တူရကီနိုင်ငံမှ တာဝန်ရှိသူများနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း Sabah နေ့စဉ်သတင်းစာက ဖော်ပြထားသည်။

တူရကီနိုင်ငံမှ ရှေ့နေ၏ အဆိုအရ ခါရှိုဂျီသည် ၎င်း၏စေ့စပ်ထားသော အမျိုးသမီးနှင့် လက်ထပ်ရန် အထောက်အထားများ ရယူရန်အတွက် အောက်တိုဘာလ ၂ ရက်က အစ္စတန်ဘူလ်မြို့ရှိ ဆော်ဒီကောင်စစ်ဝန်ရုံးသို့ ဝင်ရောက်ပြီးနောက် အသတ်ခံခဲ့ရကြောင်း၊ နောက်ပိုင်းတွင် ၎င်း၏ ခန္ဓာကိုယ်အား အပိုင်းပိုင်းဖြတ်ကာ ဖျက်ဆီးခံရကြောင်း သိရသည်။

တူရကီအစိုးရနှင့် မှုခင်းဆိုင်ရာ စုံစမ်းစစ်ဆေးသူများက အစ္စတန်ဘူလ်နှင့် အနီးဝန်းကျင်ရှိ Yalova ပြည်နယ်တစ်ဝိုက်တွင် ခါရှိုဂျီ၏ ကျန်ရှိသည့် ခန္ဓာကိုယ်အစိတ်အပိုင်းများအား တွေ့ရန်ကြိုးပမ်းနေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.