Connect with us

Africa & Middle East

အာဖဂန်တွင် တာလီဘန်တို့၏ တိုက်စစ်ဆင်မှုကြောင့် အာဖဂန်စစ်သား ၄၃ဦးထက်မနည်းကျဆုံး

အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင်များအားတွေ့ရစဉ် (ဆင်ဟွာ)

ကန်ဒါဟာ၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်း ကန်ဒါဟာပြည်နယ် မေဝမ်းခရိုင်၌ ညသန်းခေါင်ယံအချိန်တွင် တာလီဘန်စစ်သွေးကြွတို့၏ တိုက်ခိုက်မှုကြောင့် အာဖဂန်စစ်သား ၄၃ဦးခန့် ကျဆုံးသွားခဲ့ကြောင်း ဒေသခံတာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၁၉ ရက်တွင်ပြောကြားခဲ့သည်။

အမည်မဖော်လိုသူ တာဝန်ရှိသူက “မေဝမ်းခရိုင် ချက်စ်မိုဒေသ မှာရှိတဲ့ စစ်စခန်းတစ်ခုကို တာလီဘန်စစ်သွေးကြွများက ညသန်းခေါင်ယံမှာ ကားဗုံးတွေ၊ သေနတ်တွေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ နောက်ထပ်စစ်ကူတွေ မရောက်လာခင်အထိ တိုက်ခိုက်မှုတွေဆက်တိုက် ဖြစ်ပွားခဲ့ပါတယ်” ဟု ဆင်ဟွာသို့ပြောကြားခဲ့သည်။

တာလီဘန်အသေခံဗုံးခွဲသမားများသည် လုံခြုံရေးတပ်ဖွဲ့များထံမှ ခိုးယူထားသော ဖောက်ခွဲရေးပစ္စည်းများအပြည့်တင်ထားသည့် သံချပ်ကာကားနှစ်စီးကို တိုက်ခိုက်မှုအတွင်း အသုံးပြုခဲ့ကြောင်း သိရသည်။

သတင်းရင်းမြစ်က တိုက်ပွဲအတွင်း စုစုပေါင်းစစ်သား ၄၃ဦးကျဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်သွေးကြွအများအပြားလည်း သေဆုံး၊ဒဏ်ရာရရှိခဲ့ကြောင်း နှင့် စစ်သွေးကြွများသည် တိုက်ပွဲများဖြစ်ပွားပြီးနောက် ၎င်းတို့ဘက်မှ သေဆုံးသူများကို ပြန်လည်သယ်ယူသွား၍ သေဆုံးသူအရေအတွက် အတိအကျကို ဖော်ပြနိုင်ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

သို့သော် ပြည်တွင်း ရုပ်သံလိုင်း Arina News က မေဝမ်းခရိုင်တွင် စစ်သား ၇၀ဦးခန့် ကျဆုံးခဲ့ကြောင်း ဖော်ပြခဲ့သည်။

အာဖဂန်အရှေ့ပိုင်း Paktia ပြည်နယ်နှင့် အနီးအနားရှိ Ghanzi ပြည်နယ်တွင် တာလီဘန်တို့က တိုက်ခိုက်မှု ၂ခုပြုလုပ်ပြီးနောက်ပိုင်း ယခုတိုက်ခိုက်မှုထွက်ပေါ်လာခြင်းဖြစ်သည်။

အရှေ့ပိုင်းပြည်နယ်များတွင် အောက်တိုဘာ ၁၇ရက်ကဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုကြောင့် လူ ၇၀ဦးကျော်သေဆုံးခဲ့ပြီး ၁၇၀ကျော်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.