Connect with us

Africa & Middle East

IS တို့ နှင့် နောက်ဆုံးတိုက်ပွဲများအပေါ် အလေးထားဆွေးနွေးရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အီရတ်နိုင်ငံသို့ ရောက်ရှိ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်အားတွေ့ရစဉ် (ဆင်ဟွာ)

ဘဂ္ဂဒက်၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန် သည် အီရတ်ခေါင်းဆောင်များ နှင့် တွေ့ဆုံဆွေးနွေးရန် ဘဂ္ဂဒက်မြို့သို့ အောက်တိုဘာ ၂၃ ရက်တွင် ကြေညာထားခြင်းမရှိဘဲရောက်ရှိလာခဲ့ကြောင်း အီရတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

တေလာဆန်သည် အီရတ်ထိပ်ပိုင်းအာဏာပိုင်များ နှင့်တွေ့ဆုံကာ နှစ်နိုင်ငံဆက်ဆံရေး နှင့် စက်တင်ဘာလကပြုလုပ်ခဲ့သည့် ခွဲထွက်ရေးဆန္ဒခံယူပွဲကြောင့် တင်းမာမှုများမြင့်တက်နေသည့် ဘဂ္ဂဒက် နှင့် ကာ့ဒ် ပူးတွဲကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တို့နှင့် ပတ်သက်၍ ဆွေးနွေးသွားနိုင်ခြေရှိကြောင်း အမည်မဖော်လိုသူတာဝန်ရှိသူ တစ်ဦးက ဆင်ဟွာသို့ပြောကြားခဲ့သည်။

၎င်းက တေလာဆန်သည် အီရတ်နိုင်ငံရှိ ISတို့၏ အဓိကခြေကုပ်စခန်းများမှ IS စစ်သွေးကြွများ ဆုတ်ခွာသွားပြီးနောက် မြို့ပြန်လည်တည်ဆောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ လည်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

အမေရိကန်တပ်ဖွဲ့ဝင် ရာပေါင်းများစွာသည် အီရတ်နိုင်ငံအတွင်းရှိ IS စစ်သွေးကြွများအား တိုက်ထုတ်ရန် အတွက် လေကျင့်ရေးမှူးများ နှင့် အကြံပေးများအဖြစ် တာဝန်ထမ်းဆောင်ကာ အကူအညီပေးလျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.