Connect with us

Africa & Middle East

အာဖဂန်နစ္စတန်နိုင်ငံတွင် လုံခြုံရေးစစ်ဆေးရေးဂိတ်များ အတိုက်ခိုက်ခံရမှုကြောင့် တပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံး

အာဖဂန်တွင် လက်ကိုင်များ၏တိုက်ခိုက်မှုကြောင့် ပျက်စီးယိုယွင်းမှုများ ဖြစ်ပွားနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ကဘူးလ် ၊ အောက်တိုဘာ ၁၅ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Farahပြည်နယ် ရှိ လုံခြုံရေးစစ်ဆေးရေးဂိတ်များကို တာလီဘန်လက်နက်ကိုင်များက ဝင်ရောက်တိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင် အနည်းဆုံး ၁၅ ဦး သေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဖဂန်မီဒီယာများ၏ အောက်တိုဘာ ၁၄ ရက်တွင် ထုတ်ပြန်သည့် သတင်းများအရ သိရသည်။

Farah ပြည်နယ်ရှိ လုံခြုံရေးစစ်ဆေးရေးစခန်းများမှာ အောက်တိုဘာ ၁၃ ရက် ညပိုင်းက တိုက်ခိုက်ခံ ရရာ အနည်းဆုံးစစ်ဆေးရေးဂိတ်နှစ်ခုကို တာလီဘန်လက်နက်ကိုင်များက သိမ်းပိုက်လိုက်ပြီကြောင် း အာဖဂန်သတင်းဝက်ဘ်ဆိုလ်တစ်ခုက ဒေသခံလွှတ်တော်အမတ်တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြထားသည်။

ထိုတိုက်ခိုက်မှုနှင့်စပ်လျဉ်း၍ အာဖဂန်နစ္စတန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက ကဘူးလ်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ အတည်ပြုခဲ့သော်လည်း သေဆုံး ဒဏ်ရာရသူများ ၏အခြေအနေကိုမူ ထုတ်ဖော်ပြောကြားခြင်းမရှိသေးကြောင်း သိရသည်။

အချင်းဖြစ်ပွားသည့်နေရာမှာ Farah ပြည်နယ် မြို့တော် Farah မြို့နှင့် ၁၀ ကီလိုမီတာကျော် ကွာဝေး ကြောင်း ၊ သေဆုံးဒဏ်ရာရမှုများဖြစ်ပွားသည့်အပြင် အစိုးရတပ်ဖွဲ့ဝင် အနည်းဆုံး ၁၂ ဦးကိုလည်း တာလီဘန်များက ပြန်ပေးဆွဲထားကြောင်း အောက်တိုဘာ ၁၄ ရက်တွင် ဒေသခံသတင်းအရင်းအမြစ် များ အရ အသိရသည်။

တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ဒေသခံလုံခြုံရေးဌာနများက လုံခြုံရေးအင်အားထပ်ဖြည့်ရန် စေလွှတ် ထားကြောင်း သိရသည်။ လက်ရှိတွင် တိုက်ခိုက်မှုနှင့်စပ်လျဉ်း၍ တာလီဘန်များက တုံ့ပြန်ပြောဆိုမှု များ မရှိသေးကြောင်း သိရသည်။

ယခုလ ၂၀ ရက်တွင် အာဖဂန်၌ လွှတ်တော်ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ရာ ရွေးကောက်ပွဲအချိန် နီးလာသည့်နှင့်အမျှ တာလီဘန်လက်နက်ကိုင်များက နေရာအနှံတွင် တိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်လျက်ရှိရာ အာဖဂန်၏လုံခြုံရေးအခြေအနေမှာ ဆိုးဝါးလျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.