Connect with us

Africa & Middle East

အာဖဂန်နစ္စတန် နိုင်ငံ တောင်ပိုင်း တွင် ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွား လူပေါင်း အနည်းဆုံး ၁၆ ဦး သေဆုံး

မေလ ၂၂ ရက်နေ့ ၌ အာဖဂန်နစ္စတန် နိုင်ငံ တောင်ပိုင်း Kandahar ပြည်နယ် Kandahar မြို့ တွင် ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွား ခဲ့သည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ကဘူးလ် ၊ မေ ၂၃ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန် နိုင်ငံ တောင်ပိုင်း Kandahar ပြည်နယ် Kandahar မြို့ တွင် မေလ ၂၂ ရက်နေ့ ၌ ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ရာ လူပေါင်း အနည်းဆုံး ၁၆ ဦး သေဆုံး ခဲ့ပြီး ၃၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ် အစိုးရ အရာရှိ ၏ ပြောကြားချက်အရ သိရှိရသည်။

Kandahar ပြည်နယ် အစိုးရ ပြောရေးဆိုခွင့်ရှိသူ က ဗုံးခွဲ တိုက်ခိုက်မှု သည် မေလ ၂၂ ရက်နေ့ ဒေသစံတော်ချိန် နေ့လယ် ၁၂ နာရီ ၃၀ မိနစ် တွင် ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပြီး Kandahar မြို့ အမှတ် ၁၄ ရဲတပ်ဖွဲ့ ဧရိယာ တွင် ဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်း ၊ ပေါက်ကွဲစေသည့် ပစ္စည်း အပြည့် တင်ဆောင်ထားသည့် ကားဖြင့် ဗုံးခွဲ တိုက်ခိုက်မှု ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ အများစု မှာ အရပ်သား နှင့် လုံခြုံရေး ဝန်ထမ်း များဖြစ်ကြကြောင်း ပြောကြား ခဲ့သည်။

အခင်းဖြစ်စဉ် ကို တွေ့ရှိသူ တစ်ဦး က ဆင်ဟွာ သတင်းဌာန သို့ ပြောကြား ခဲ့ရာတွင် ပေါက်ကွဲမှု သည် လွန်စွာ ပြင်းထန်ပြီး လူပေါင်း အများအပြား သေဆုံးဒဏ်ရာရရှိစေခဲ့ကြောင်း ၊ ပေါက်ကွဲမှု ကြောင့် ဘေးပတ်ဝန်းကျင်ရှိ အဆောက်အဦ များလည်း ပျက်ဆီးခဲ့ရပြီး ပေါက်ကွဲမှု ကြောင့် ဖြစ်ပေါ်လာသည့် မီးခိုးများအား မိုင်နှင့်ချီသော အကွာအဝေး ကပင် ထင်ရှားစွာ တွေ့ရှိနိုင်ကြောင်း ပြောကြား ခဲ့သည်။

လက်ရှိချိန်တွင် မည်သည့် အဖွဲ့အစည်း မှ ဗုံးခွဲ တိုက်ခိုက်မှု ကို ဆောင်ရွက်ခဲ့ကြောင်း ကြေညာခြင်း မရှိသော်လည်း Kandahar ပြည်နယ် သည် အာဖဂန်နစ္စတန် တာလီဘန် အဖွဲ့အစည်း ၏ ဌာနချုပ် အဖြစ် သတ်မှတ် ခံထားရပြီး တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွား လေ့ရှိကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.