Connect with us

Africa & Middle East

အာဖဂန်နစ္စတန် အရှေ့ပိုင်းတွင် ရဟတ်ယာဉ်ပျက်ကျမှုကြောင့် လူ ၈ ဦး သေဆုံး ဒဏ်ရာရ

ပျံသန်းနေသည့် စစ်သုံးရဟတ်ယာဉ်တစ်စီးအား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ကဘူးလ်၊ စက်တင်ဘာ ၃၀ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန် နိုင်ငံ အရှေ့ပိုင်း Parwanပြည်နယ်တွင် စစ်ရဟတ်ယာဉ်တစ်စီး ပျက်ကျမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၈ ဦး သေဆုံးဒဏ်ရာရရှိခဲ့ကြောင်း ယင်းပြည်နယ် အစိုးရအရာရှိ တစ်ဦးက စက်တင်ဘာ ၂၉ ရက်တွင် မီဒီယာများအား အတည်ပြုပြောကြားခဲ့သည်။

ရဟတ်ယာဉ်မှာ စက်တင်ဘာ ၂၉ ရက် နံနက်ပိုင်းက Parwanပြည်နယ် Koh-e-Safi ဒေသတွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ၊ ကနဦးလေ့လာချက်များအရ အဆိုပါရဟတ်ယာဉ်မှာ အာဖဂန် အစိုးရ တပ်၏ရဟတ်ယာဉ်ဖြစ်ပြီး ပျံသန်းစဉ် စက်ချို့ယွင်းမှုကြောင့် ပျက်ကျခြင်းဖြစ်ကြောင်းနှင့် သေဆုံးသူများ အားလုံးမှာ တပ်ဖွဲ့ဝင်များဖြစ်ကြောင်း ၊ အချင်းဖြစ်ပွားမှုနှင့်စပ်လျဉ်း၍ နောက်ထပ်စုံစမ်းစစ်ဆေးဆဲဖြစ် ကြောင်း Parwanပြည်နယ် အစိုးရ ပြောရေးဆိုခွင့်ရှိသူ Wahidi Shahkar က ပြောကြားခဲ့သည်။

ပျက်ကျခဲ့သည့်အဆိုပါရဟတ်ယာဉ်မှာ အစိုးရဆန့်ကျင်ရေး လက်နက်ကိုင်အင်အားစုက ပစ်ချခြင်းဖြစ် ကြောင်း အာဖဂန် သတင်းမီဒီယာအချို့က သတင်းပေးအရင်းအမြစ်များ၏စကားကို ကိုးကားဖော်ပြ ထားသည်။ အာဖဂန်နစ္စတန်အနောက်တောင်ပိုင်း Farahပြည်နယ်တွင် စက်တင်ဘာ ၁၄ ရက်က စစ်သုံး ရဟတ် ယာဉ်တစ်စီးပျက်ကျမှုဖြစ်ပွားခဲ့ရာ လေယာဉ်ပေါ်ရှိ လေယာဉ်မှူး ၂ ဦးအပါအဝင် အာဖဂန် အစိုးရ တပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)