Connect with us

Africa & Middle East

အာဖဂန် ရှိ IS တို့အား အမေရိကန်က MOAB ဗုံးဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူများသေဆုံးမှုမရှိ

အာဖဂန်တွင် ကြဲချခဲ့သည့် MOABဗုံးအား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ကဘူးလ်၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံသည် အာဖဂန်နစ္စတန်နိုင်ငံရှိ IS စစ်သွေးကြွတို့၏ တည်နေရာတစ်ခုကို ပစ်မှတ်ထား၍ ဧပြီ ၁၃ ရက် က ဗုံးအကြီးစားတစ်လုံးကြဲချခဲ့ရာ အာဖဂန်ပြည်သူများ သေဆုံးမှုမရှိကြောင်း အမေရိကန်နိုင်ငံ နှင့် နေတိုး (NATO) တပ်မှူး က ဧပြီ ၁၄ ရက်တွင်ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ စစ်တပ်သည် ပါကစ္စတန်နိုင်ငံ နယ်စပ် နန်ဂါဟာပြည်နယ် အရှေ့ပိုင်း Achin ခရိုင်ရှိ IS စစ်သွေးကြွများခိုအောင်းရာ လိုဏ်ခေါင်းနယ်မြေတစ်ခုကို ပစ်မှတ်ထား၍ GBU-43 ခေါ် နျူကလီးယားမဟုတ်သော ဗုံးအကြီးစားဖြစ်သည့် MOAB ဗုံးအား ဧပြီ ၁၄ ရက် ညနေပိုင်း တွင် ကြဲချခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ် ဂျွန်နီကိုးလ်ဆန် က “ဗုံးကြဲချချိန်မှာ အာဖဂန် ရော အမေရိကန်ဘက်က တပ်ဖွဲ့ဝင်တွေရှိနေပြီး အာဖဂန်ပြည်သူတွေ သေဆုံးတဲ့ သက်သေအထောက်အထားတွေကို မတွေ့ခဲ့ရသလို ပြည်သူသေဆုံးမှုနဲ့ပတ်သက်တဲ့ သတင်းပေးပို့မှုတွေကိုလည်း မရရှိခဲ့ပါဘူး” ဟု ကဘူးလ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ယင်းစစ်ဆင်ရေးကြောင့် IS စစ်သွေးကြွ ၈၂ဦးထက်မနည်းသေဆုံးသွားခဲ့ပြီး မီတာ ၃၀၀ အရှည်ရှိသည့် လှိုဏ်ခေါင်းတစ်ခု နှင့် ကတုတ်ကျင်းများစွာ အပါအဝင် IS တို့အခိုင်အမာ ခိုအောင်းနေသည့် နေရာတစ်ခုအား ဖျက်ဆီးနိုင်ခဲ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး၏ ပြောရေးဆိုခွင့်ရှိသူ Attaullah Khogyani ကပြောကြားခဲ့သည်။

ကနဦး ရှာဖွေတွေ့ရှိချက်များကို အခြေခံ၍ ဗုံးကြဲတိုက်ခိုက်မှုကြောင့် IS စစ်သွေးကြွ ၃၆ဦးသေဆုံးခဲ့ကြောင်း အာဖဂန်ကာကွယ်ရေးဝန်ကြီးဋ္ဌာန က ဧပြီ၁၄ရက် အစောပိုင်းတွင် ပြောကြားခဲ့သည်။

Achin ခရိုင် နှင့် အနီးအနားရှိ ခရိုင်များတွင် ၂၀၁၅ခုနှစ်ကတည်းက တိုက်ခိုက်မှုများကြောင့် IS စစ်သွေးကြွ ၁,၉၀၀ကျော်၊ အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင် အများအပြား နှင့် အမေရိကန်စစ်သား ၂ဦး သေဆုံးခဲ့ကြောင်း အာဖဂန်စစ်တပ် အရာရှိများက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.