Connect with us

Africa & Middle East

အာဖဂန်တွင် နျူကလီးယားမဟုတ်သည့် အကြီးမားဆုံးဗုံးတစ်လုံးကို အမေရိကန်ကြဲချ

အမေရိကန်နိုင်ငံက ယခင် စမ်းသပ်ကြဲချခဲ့သည့် MOAB ဗုံး အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဝါရှင်တန်၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ)

အမေရိကန်စစ်တပ် သည် အာဖဂန်နစ္စတန်နိုင်ငံ ရှိ IS စစ်သွေးကြွတို့၏ တည်နေရာတစ်ခုအပေါ် နျူကလီးယားမဟုတ်သည့် အကြီးမားဆုံး ဗုံးတစ်လုံး ကြဲချခဲ့ကြောင်း ပင်တဂွန်စစ်ဋ္ဌာနချုပ်က ဧပြီ၁၃ ရက်တွင် ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံ Nangarhar ပြည်နယ်ရှိ ISစစ်သွေးကြွ ခိုအောင်းနေသည် နေရာပေါ်သို့ GBU-43 ခေါ် အဖျက်စွမ်းအားကြီးမားသည့် MOAB ဗုံးအား ကြဲချရန် အမေရိကန်စစ်တပ်အား အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဧပြီ ၁၃ရက်နေ့တွင် အမိန့်ပေးခဲ့ကြောင်း နှင့် တိုက်ပွဲအတွင်း၌ ယင်းအမျိုးအစားဗုံး အသုံးပြုခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။ပင်တဂွန်စစ်ဋ္ဌာနချုပ်က “ယခုဗုံးကြဲတိုက်ခိုက်မှုဟာ အာဖဂန်ပြည်သူတွေနဲ့ နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေတဲ့ အမေရိကန်တပ်သားတွေ ထိခိုက်မှုအန္တရာယ်နည်းပါးစေဖို့ ရည်ရွယ်ထားသလို IS စစ်သွေးကြွ အများအပြားသေဆုံးစေပြီး ၎င်းတို့ရဲ့အဆောက်အအုံများစွာကိုလည်း ဖျက်ဆီးပစ်နိုင်ဖို့အတွက် ဖြစ်ပါတယ်” ဟုပြောကြားခဲ့သည်။MOAB ဗုံးသည် အလေးချိန် ပေါင် ၂၂,၀၀၀ခန့်ရှိပြီး ၎င်းအား “ဗုံးအားလုံး၏ မိခင်” (Mother of All Bombs)ဟု နာမည်ပြောင်ဖြင့်လည်း ခေါ်ဆိုကြကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117