Connect with us

Africa & Middle East

အီဂျစ်နိုင်ငံတွင် လွန်ခဲ့သော နှစ်ပေါင်း ၂,၅၀၀ ကျော်က သစ်သားခေါင်းတလား ၅၉ ခု တူးဖော် တွေ့ရှိ 

ကိုင်ရို၊ အောက်တိုဘာ ၄ ရက်(ဆင်ဟွာ) 

ရှေးဟောင်းသုတေသနအဖွဲ့တစ်ခုသည် အီဂျစ်နိုင်ငံ Giza ပြည်နယ်ရှိ သီးခြား သင်္ချိုင်းဂူတစ်ခုတွင် လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ခန့်က သစ်သားခေါင်းတလား ၅၉ ခု ကို တူးဖော်တွေ့ရှိခဲ့ကြောင်း အီဂျစ် ခရီးသွားနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အရာရှိက အောက်တိုဘာ ၃ ရက်တွင် ကြေညာခဲ့သည်။ 

ရှေးဟောင်းသုတေသနအဖွဲ့၏ ရှာဖွေတွေ့ရှိမှုသည် Giza ပြည်နယ် Saqqara ဒေသတွင် ဖြစ်ပြီး  ယင်းနေရာ၌ သစ်ခေါင်းတလား ၂ ခုကိုဖွင့်လှစ်ခဲ့ရာတွင် မမ်မီရုပ်လောင်း နှစ်လောင်းကို ကောင်းမွန်စွာ တွေ့ရှိခဲ့ကြောင်း သိရသည်။ 

“Saqqara ဒေသရဲ့ အရေးကြီးတဲ့ ရှေးဟောင်းသုတေသန တွေ့ရှိမှုပါ။ တွေ့ရှိတူးဖော်ထားတဲ့ သစ်ခေါင်းတလားတွေ အားလုံးကောင်းတယ်။မတူးဖော်ရသေးတာတွေလည်း အများကြီးရှိသေးတယ်။ ”ဟု အီဂျစ် ခရီးသွားနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီး Khaled al-Ananyက ဆိုသည်။ 

အဆိုပါ တွေ့ရှိထားသည် သစ်ခေါင်းတလားများသည် ယစ်ပုရောဟိတ် သို့မဟုတ် မှူးမတ်အရာရှိများ ဖြစ်နိုင်သည်ဟု ကနဦးခန့်မှန်းရကြောင်း Khaled al-Anany က ပြောကြားခဲ့သည်။“ဒီ သစ်သားခေါင်းတလားတွေက မြေအောက်အနက် ၁၀ မီတာက ၁၂ မီတာလောက်မှာ မြှုပ်ထားတာပါ။ တူးဖော်တွေ့ရှိတုန်းက လုံးဝအလုံပိတ်အနေအထားပါ။ ခေါင်းတလားတွေပေါ်မှာလည်း ရောင်စုံဆေးချယ်ထားတယ်။”ဟု အီဂျစ်နိုင်ငံ အမြင့်ဆုံး သမိုင်းဝင် ယဉ်ကျေးမှုအမွေအနှစ် ကောင်စီ အထွေထွေအတွင်းရေးမှူး Mostafa Waziriက မီဒီယာများကို မိတ်ဆက် ပြောကြားခဲ့သည်။

 

သစ်သားခေါင်းတလားများနှင့်အတူ အီဂျစ်နတ်ဘုရား ရုပ်တုများကိုလည်း တူးဖော်တွေ့ရှိထားကြောင်း ၎င်းက ဆိုသည်။ ၂၀၁၉ခုနှစ်က အီဂျစ်နိုင်ငံ တောင်ပိုင်း Luxor သင်္ချိုင်းဂူတွင် သစ်သားခေါင်းတလား ၃၀ ခု တူးဖော်တွေ့ရှိခဲ့ဖူးကြောင်း သိရသည်။ Saqqara ဒေသသည် ရှေးခေတ် အီဂျစ်နိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ် စုစည်းရာ အဓိက နေရာဖြစ်ပြီး ဖာရိုဘုရင်များ၏ ပိရမစ်များနှင့် မင်းညီမင်းသားမှူးမတ်ဗိုလ်ပါများ ဂူသင်္ချိုင်းများသည်လည်း ထိုဒေသတွင် တည်ရှိရာ ၎င်းတို့အနက် ရှေးအကျဆုံးဖြစ်သည့် Djoserပိရစ်လည်း တည်ရှိကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.