Connect with us

Africa & Middle East

အီဂျစ်၏ ပိုင်နက်အတွင်း ပြည်ပနိုင်ငံမှ စစ်အခြေစိုက်စခန်း ဖွင့်လှစ်ရန် အစီအစဉ်မရှိ

ရုရှားနိုင်ငံ သမ္မတ ပူတင် နှင့် အီဂျစ်နိုင်ငံ သမ္မတ စီစီတို့အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ကိုင်ရို၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

အီဂျစ်နိုင်ငံ က ၎င်း၏နယ်မြေပိုင်နက်အတွင်း ပြည်ပနိုင်ငံများမှ စစ်အခြေစိုက်စခန်းများ လာရောက် ဖွင့်လှစ်နိုင်ခြေများအား လက်ခံသွားမည်မဟုတ်ကြောင်း အောက်တိုဘာ ၁၀ ရက် က ထုတ်ပြန်ခဲ့ကြောင်း နိုင်ငံပိုင် Ahram အွန်လိုင်း သတင်းဋ္ဌာနက ဖော်ပြခဲ့သည်။

ထုတ်ပြန်ချက်အရ အီဂျစ်နိုင်ငံ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ရုရှားနိုင်ငံသည် မြေထဲပင်လယ်အနီး၌ စစ်အခြေစိုက်စခန်းတည်ဆောက်ရန် အီဂျစ်နိုင်ငံ နှင့် ဆွေးနွေးနေသည်ဟူသော မီဒီယာများ၏ဖော်ပြချက်ကို ချေပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရုရှားနိုင်ငံသည် ၂၀၁၉ခုနှစ်မှ စတင်၍ အီဂျစ်-လစ်ဗျား နယ်စပ် အရှေ့ဘက် ၉၂ကီလိုမီတာ အကွာ ရှိ Sidi Barani မြို့တွင် လေတပ်အခြေစိုက်စခန်းတစ်ခု အပါအဝင် စစ်ဘက်ဆိုင်ရာ အဆောက်အအုံများ ငှားရမ်းသွားရန် အီဂျစ်နိုင်ငံ နှင့် ညှိနှိုင်းဆွေးနွေးနေသည်ဟု ရုရှားနေ့စဉ် သတင်းစာ Izvestia က စတင်ဖော်ပြခဲ့သည်။

စစ်တပ် သတင်းရင်းမြစ် က အီဂျစ်နိုင်ငံသည် ပြည်ပနိုင်ငံများက အီဂျစ်နိုင်ငံအတွင်း စစ်အခြေစိုက်စခန်းများ တည်ဆောက်ခွင့်ရရန် တောင်းဆိုချက်အား ပြင်းထန်စွာ ပယ်ချခဲ့ပြီး ပြည်ပစစ်အခြေစိုက်စခန်းများသည် အစိုးရ၏ မူဝါဒများကို ဆန့်ကျင်၍ လုပ်ဆောင်တတ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အီဂျစ်နိုင်ငံ နှင့် ရုရှားနိုင်ငံတို့သည် ၁၉၆၀ပြည့်လွန်နှစ်များမှစ၍ ၁၉၇၀ပြည့်လွန်နှစ်နှောင်းပိုင်းအထိ နီးကပ်သည့် မဟာမိတ်များအဖြစ်တည်ရှိခဲ့ပြီး အီဂျစ်နိုင်ငံ သမ္မတ Abdel-Fattah al-Sisi စတင်တာဝန်ထမ်းဆောင်ခဲ့သည့် ၂၀၁၄ခုနှစ်တွင် ခိုင်မာသည့် စစ်ရေးနှင့် နိုင်ငံရေးဆိုင်ရာ ဆက်ဆံမှုများအား ပြန်လည်အကောင်အထည်ဖော်ခဲ့ကြောင်း သိရသည်။

၂၀၁၅ခုနှစ်တွင် နှစ်နိုင်ငံ ရေတပ်များပူးပေါင်း၍ ၎င်းတို့၏ ပထမဆုံး ရေတပ်လေ့ကျင့်ရေးအား Alexandria မြို့ကမ်းခြေ၌ ရှစ်ရက်ကြာပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.