Connect with us

Africa & Middle East

အီရတ်နိုင်ငံ အရှေ့ဘက်လေကြောင်းတိုက်ခိုက်မှုကြောင့် အိုင်အက်စ် ၄ဦးသေဆုံး

အီရန် ၏ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ချို့ အားတွေ့ရစဉ် (ဆင်ဟွာ)

ဘဂ္ဂဒက် ၊ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ)

အီရတ် ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အိုင်အက်စ် ၄ဦး သည် အီရတ်နိုင်ငံ၏ အရှေ့ဘက် Diyala ပြည်နယ်တွင် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က သေဆုံးခဲ့ကြောင်း ၎င်းဒေသ၏ လုံခြုံရေး တာဝန်ရှိသူတစ်ဦးကပြောသည်။

ထောက်လှမ်းရေးအစီရင်ခံစာများအရ Abu Saida မြို့ အနီး အိုင်အက်စ် များပုန်းအောင်းရာနေရာတစ်ခုတွင် အီရတ်၏ လက်နက်အပြည့်အစုံတပ်ဆင်ထားသော ရဟတ်ယာဉ် က အဆက်မပြတ်ပစ်ခတ်ခဲ့ကြောင်း၊ အီရတ်မြို့တော်ဖြစ်သည့် ဘဂ္ဂဒက်မြို့ ၏ အရှေ့မြောက်ဘက် ၉၅ ကီလိုမီတာ အကွာ တွင် အစွန်းရောက်စစ်သွေးကြွ ၄ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ Diyala၏ စစ်ဆင်ရေးဌာနချုပ်မှ Alaa al-Saadiက ဆင်ဟွာကိုပြောသည်။

၂၀၁၇ ခုနှစ်နှောင်းပိုင်းတွင် အီရတ် ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များ က နိုင်ငံအနှံ့ တွင် အစွန်းရောက်အိုင်အက်စ် အဖွဲ့များကို နှိမ်နှင်းခဲ့ပြီး နောက် အီရတ်၏ လုံခြုံရေးအခြေအနေသည် တိုးတက်ကောင်းမွန်လာခဲ့ကြောင်း သိရသည်။

သို့သော်လည်း အစွန်းရောက်စစ်သွေးကြွများသည် တစ်ဦးချင်း သို့မဟုတ် အဖွဲ့လိုက်ဖြင့် မြို့ပြ နှင့်မြေကြမ်းတမ်းသောနယ်မြေများတွင် ပြန်လည်စုဝေးကာ လုံခြုံရေးတပ်ဖွဲ့များနှင့် အရပ်သားများအပေါ်တိုက်ခိုက်မှုများဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.