Connect with us

Africa & Middle East

အီရတ်အဆင့်မြင့်ထောက်လှမ်းရေးအရာရှိတစ်ဦး ဘဂ္ဂဒတ်မြို့တော်၌ လုပ်ကြံသတ်ဖြတ်ခံရ

အီရတ်နိုင်ငံဘဂ္ဂဒတ်မြို့ရှိဈေးတစ်ခုတွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၁ရက်က အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် အပျက်အစီးပုံအားတွေ့ရစဉ်(ဆင်ဟွာ)

ဘဂ္ဂဒတ်၊မတ် ၂၂ ရက်(ဆင်ဟွာ)

အီရတ်နိုင်ငံအမျိုးသားထောက်လှမ်းရေးတပ်ဖွဲ့(INIS) မှ အဆင့်မြင့်အရာရှိတစ်ဦးကို ဘဂ္ဂဒတ်မြို့တော်၌ မတ် ၂၁ ရက်တွင် သေနတ်သမားများက လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့သတင်းအရင်းအမြစ်များက ဆိုသည်။

အမျိုးသားထောက်လှမ်းရေးတပ်ဖွဲ့မှ အရာရှိတစ်ဦးဖြစ်သူ Mohammed Laith အား ဘဂ္ဂဒတ်မြို့အနောက်ပိုင်းရှိ ၎င်း၏ ဆွေမျိုးနီးစပ်တစ်ဦး နေအိမ်အနီးတွင် သေနတ်သမားများက အသံတိတ်သေနတ်များဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း အီရတ်ပြည်ထဲရေးဝန်ကြီးဌာနမှ အမည်မဖော်လိုသူသတင်းအရင်းအမြစ်တစ်ဦးက ဆင်ဟွာသတင်းဌာနသို့ပြောကြားခဲ့သည်။

အီရတ်နိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ်တွင် နိုင်ငံသားများ၏ လုံခြုံမှု ၊ လွတ်လပ်မှု နှင့် ယုံကြည်မှုကို ခြိမ်းခြောက်နေသည့်အတွက် အီရတ်အစိုးရအဖွဲ့ နှင့် အချို့သောနိုင်ငံရေးပါတီများက နိုင်ငံအတွင်း အချို့သောလက်နက်ကိုင်အုပ်စုများ၏ ဗရမ်းပတာလက်နက်ကိုင်ဆောင်မှုအပေါ် ထိန်းချုပ်ပေးရန် ထပ်ဖန်တလဲလဲတောင်းဆိုနေစဉ်အတွင်းမှာပင် ယင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အိုင်အက်စ်(IS) စစ်သွေးကြွများသည် အီရတ်နိုင်ငံဘဂ္ဂဒတ်မြို့တော်မှ အရှေ့မြောက် ၆၅ ကီလိုမီတာအကွာတွင် တည်ရှိသည့် Baquba မြို့၏ အရှေ့မြောက်ပိုင်းဒေသအတွင်း ကြက်မွေးမြူရေးခြံတစ်ခုမှ ခြံလုပ်သား လေးဦးကို ပြန်ပေးဆွဲခဲ့ကြောင်း Diyala ပြည်နယ်ရဲတပ်ဖွဲ့မှ Alaa al-Saadi က ဆင်ဟွာသို့ပြောကြားခဲ့သည်။

ဘဂ္ဂဒတ်မြို့တော် မြောက်ပိုင်းရှိ ပြည်နယ်များတွင် စစ်ဆင်ရေးများပြုလုပ်၍ နှိမ်နင်းမှုများ ပြုလုပ်နေလင့်ကစား ပြီးခဲ့သောလများအတွင်း အိုင်အက်စ်စစ်သွေးကြွများ၏ လှုပ်ရှားမှုများ မြင့်တက်ခဲ့သည်။
အီရတ်တပ်ဖွဲ့ဝင်များသည် တစ်နိုင်ငံလုံးရှိ အိုင်အက်စ် စစ်သွေးကြွများအပေါ် ၂၀၁၇ ခုနှစ် နှောင်းပိုင်းတွင် အပြည့်အဝ နှိမ်နင်းအောင်မြင်ခဲ့စဉ်ကတည်းက နိုင်ငံ၏ လုံခြုံရေးအခြေအနေသည် တိုးတက်မှုရရှိခဲ့သည်။

သို့သော်လည်း စစ်မက်ဖြစ်ပွားနေသည့် အီရတ်နိုင်ငံတွင် အိုင်အက်စ်အုပ်စုများသည် မြို့ရွာများ သို့မဟုတ် ကန္တာရများ နှင့် သွားရေးလာရေးခက်ခဲသောနေရာများအတွင်း စိမ့်ဝင်လှုပ်ရှားမှုများရှိနေပြီး မကြာခဏဆိုသလို လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် အရပ်သားများကို ခြုံခိုတိုက်ခိုက်မှုများ ပြုလုပ်နေသဖြင့် လူအသေအပျောက်ရှိသည့် သွေးထွက်သံယိုမှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။(Xinhua)

———————————————-
(English Version)

Gunmen assassinate senior intelligence officer in Iraq’s capital

BAGHDAD, March 21 (Xinhua) — Unidentified gunmen killed on Sunday a senior officer of the Iraqi National Intelligence Service (INIS) in the Iraqi capital Baghdad, security sources said.

Mohammed Laith, an INIS officer, was shot dead when gunmen opened fire on him with their silenced weapons near the house of one of his relatives in Mansour neighborhood in western Baghdad, an Interior Ministry source told Xinhua on condition of anonymity.

The attack came despite repeated calls by the Iraqi government and some political parties to contain the uncontrolled weapons of some armed groups in the country, which threaten the security, freedom, and confidence of citizens in the political process.

In the eastern province of Diyala, suspected Islamic State (IS) militants kidnapped four workers of a poultry farm in the Abbara area in the northeast of the provincial capital Baquba, some 65 km northeast of Baghdad, Alaa al-Saadi from the provincial police told Xinhua.
Iraqi provinces north of Baghdad have witnessed intense activities by the militants of the IS group in the past months, despite repeated military operations to hunt them down.
The security situation has been relatively improved in Iraq since the Iraqi security forces fully defeated IS militants across the country late in 2017.
However, sporadic deadly incidents still occur in the war-ravaged country as IS remnants have melted into urban areas or deserts and rugged areas, waging frequent guerilla attacks against security forces and civilians. Enditem

Photo taken on Jan. 21, 2021 shows the market damaged by suicide bombings in Iraq’s capital Baghdad.