Connect with us

Africa & Middle East

ဆူဒန်နိုင်ငံရောက် တရုတ်နိုင်ငံ ငြိမ်းချမ်းရေးထိန်းသိမ်းမှု အင်ဂျင်နီယာတပ်ဖွဲ့ဝင်များက ပထမဆုံး ဒေသဖြတ်ကျော် တည်ဆောက်ရေးလုပ်ငန်းတာဝန်များကို အရည်သွေးမြင့်ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့

တရုတ်နိုင်ငံ ငြိမ်းချမ်းရေးထိန်းသိမ်းမှု အင်ဂျင်နီယာတပ်ဖွဲ့က ဆူဒန်နိုင်ငံ ဆိုတိုနီစခန်းတွင် လမ်းဖောက် ရှင်းလင်းပေးနေသည်ကို မတ် ၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ခါတွမ်း၊ မတ် ၂၄ ရက်(ဆင်ဟွာ)

ကုလသမဂ္ဂဆိုင်ရာ တရုတ်ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ အင်ဂျင်နီယာများသည် ဆူဒန်နိုင်ငံ ဒါဖူး အခြေစိုက် ကုလသမဂ္ဂ(UN)-အာဖရိကသမဂ္ဂ(AU)ပူးတွဲအထူးတပ်ဖွဲ့ ဆိုတိုနီစခန်း၏ ပတ်ဝန်းကျင်ရှင်းလင်းရေးနှင့် တည်ဆောက်ရေးလုပ်ငန်း တာဝန်များကို မတ် ၂၂ ရက်က အရည်အသွေးမြင့် ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း ဆူဒန်နိုင်ငံရောက် တရုတ်နိုင်ငံ (၁၆) သုတ်မြောက် ကုလသမဂ္ဂ ငြိမ်းချမ်းရေးမှု ထိန်းသိမ်းရေး အင်ဂျင်နီယာတပ်ဖွဲ့၏ မတ် ၂၃ ရက် ပြောကြားချက်များအရ သိရသည်။

UN-AU ဒါဖူးအခြေစိုက်အထူးအဖွဲ့၏ တာဝန်များကို ထမ်းဆောင်ပြီးတော့မည်ဖြစ်ရာ စခန်းလွှဲပြောင်းပေးမည့် အရေးကြီးအချိန်အခါဖြစ်သည်။ စခန်းပိတ်သိမ်းလွှဲပြောင်းပေးမှုမတိုင်မီ သက်ဆိုင်ရာလုပ်ငန်းများကို တွန်းအားပေး ဆောင်ရွက်နိုင်ရန်အတွက် တရုတ်ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ အင်ဂျင်နီယာများက ဖူဒါဒေသ၌ ကဏ္ဍသစ်ဆောက်လုပ်ရေးလုပ်ငန်းများကို ဘက်စုံ ဆောင်ရွက်လျက်ရှိရာ ၎င်းတို့အနက် လက်ကိုင်ပဋိပက္ခအဖြစ်များ သည့် ဆိုတိုနီစခန်းသည် ယခုအကြိမ် တည်ဆောက်မှု၏ အဓိကနေရာဖြစ်သည်။

တရုတ်နိုင်ငံ ငြိမ်းချမ်းရေးထိန်းသိမ်းမှု အင်ဂျင်နီယာတပ်ဖွဲ့က ဆူဒန်နိုင်ငံ ဆိုတိုနီစခန်းတွင် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ကို မတ် ၁၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ငြိမ်းချမ်းရေးထိန်းသိမ်းမှု အင်ဂျင်နီယာတပ်ဖွဲ့ကို ဆူဒန်နိုင်ငံတွင် မတ် ၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ် ငြိမ်းချမ်းရေး ထိန်းသိမ်းမှု အင်ဂျင်နီယာတပ်ဖွဲ့သည် စခန်းသို့ ရောက်ရှိသည့်နှင့် ပေးအပ်သည့် တာဝန်များကို ချက်ချင်းထမ်းဆောင်ခဲ့သည်။ ကိုဗစ်ကပ်ရောဂါ ကာကွယ်ထိန်းချုပ်မှုအန္တရာယ်မြင့်မားခြင်း၊ ပတ်ဝန်းကျင်အခြေအနေ ဆိုးဝါးခြင်း၊ ရာသီဥတုအပူချိန်မြင့်မားခြင်းစသည့်အခက်အခဲများကို ကျော်ဖြတ်ကာ သက်ဆိုင်ရာ တာဝန်များကို ပြီးစီးအောင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
တည်ဆောက်မှုများအား တာဝန်ယူစိစစ်လက်ခံခဲ့သည့် UN-AU ဒါဖူးအခြေစိုက်အထူးအဖွဲ့ မြို့ပြလုံခြုံရေးဌာန အရာရှိ ဘာဇိုက တရုတ်ငြိမ်းချမ်းရေးထိန်းသိမ်းမှု အင်ဂျင်နီယာအဖွဲ့သည် စခန်းဟောင်းကို အသစ်ဖြစ်အောင် သတ်မှတ်ပေးသည့်တာဝန်များကို အရည်သွေးမြင့်ထိရောက်စွာ အမြန်ဆုံး ဆောင်ရွက်နိုင်ခဲ့ကြောင်း ဆိုသည်။

ကုလသမဂ္ဂဆိုင်ရာ တရုတ် ငြိမ်းချမ်းရေးထိန်းသိမ်းမှု အင်ဂျင်နီယာတပ်ဖွဲ့ဝင်များသည် အခြား စခန်းနေရာများသို့ သွား၍ ပတ်ဝန်းကျင် ရှင်းလင်းရေးနှင့် အခြေခံအဆောက်အဦ ထိန်းသိမ်းရေး စသည့် ဆောက်လုပ်ရေးအထောက်အပံ့ လုပ်ငန်းများကို လုပ်ဆောင်သွားရန် ရှိကြောင်း သိရသည်။

——————————————
(Chinese Version)
(国际)中国赴苏丹维和工兵分队高标准完成新阶段首个跨区施工任务
2021-03-24 01:52:00
  新华社喀土穆3月23日电(记者马意翀 李晖)记者23日从中国第16批赴苏丹达尔富尔维和工兵分队获悉,维和工兵分队22日圆满完成联合国和非洲联盟驻苏丹达尔富尔特派团(联非达团)索托尼营区最终环境清理施工任务,并高标准通过验收。
随着联非达团使命任务接近尾声,营地移交工作进入关键阶段。为推进营地关闭移交前相关工作,中国维和工兵分队在达尔富尔地区开始新阶段多方向施工任务,其中位于武装冲突频繁地区的索托尼营区是这次施工的重点。
  中国维和工兵分队抵达营区后立即投入任务,克服新冠疫情防控风险高、环境恶劣、气温居高不下、后装综合保障难等因素,圆满完成相关任务。
  据悉,中国维和工兵分队之后还将前往其他营区,展开最终环境清理及基础设施维护等一系列施工保障任务。(完)

图说1: 3月3日,中国维和工兵分队在索托尼用履带挖掘机开辟通道。 新华社发(李晖摄)
图说2:3月11日中国维和工兵分队在索托尼清理营区内的废旧轮胎。 新华社发(李晖摄)

图说3:3月2日中国维和工兵分队车队行进在山地无人区。 新华社发(李晖摄)