Connect with us

Africa & Middle East

အီရန်နိုင်ငံတွင် ခရီးသည်တင် မီးရထားတစ်စီး သံလမ်းမှဘီးချော်ထွက် မှုဖြစ်ပြီး လူအများ သေကြေဒဏ်ရာရရှိ

၂၀၁၆ နိုဝင်ဘာလက လူ ၄၃ ဦးသေဆုံးခဲ့ရသော အီရန် ရထားမတော်တဆတိုက်မှု တစ်ရပ်အား တွေ့ရစဉ်(အင်တာနက်)

တီဟီရန်၊စက်တင်ဘာ ၂၆ ရက်(ဆင်ဟွာ)

အီရန်နိုင်ငံ Sistan and Baluchestan ပြည်နယ် မြို့တော် ဇာဟီဒန်အနီးတွင် စက်တင်ဘာ ၂၆ ရက်က ခရီးသည်တင် ရထားတစ်စီးသည် သံလမ်းမှချော်ထွက်မှု ဖြစ်ကာ လူ ၅ ဦးသေဆုံးပြီး ၉၂ ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့ကြောင်းသိရသည်။

ခရီးသည်စုစုပေါင်း ၂၅၀ ဦးတင်ဆောင် လာသောအဆိုပါ ရထားသည်  စက်တင်ဘာ ၂၅ ရက်က အီရန်နိုင်ငံ Sistan and Baluchestan ပြည်နယ် မြို့တော် ဇာဟီဒန်မြို့မှ မြို့တော်တီဟီရန်သို့ ဦးတည်မောင်း နှင်လာစဉ်အတွင်း ဘီးချော်ထွက်မှု ဖြစ်ပွားကာ လူအများသေကြေဒဏ်ရာရ ရှိခဲ့ခြင်းဖြစ်ကြောင်း ၊အချင်းဖြစ်ပွားရာသို့ သက်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိကာ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေပြီ ဖြစ်ကြောင်း၊သေကြေဒဏ်ရာရရှိသူ ဦးရေဆက်လက် တိုးလာဖွယ်ရှိကြောင်း၊၎င်းဖြစ်စဉ်ကို သက်ဆိုင်ရာဌာနများက စစ်ဆေးမှု ပြုလုပ်နေကြောင်း အီရန်နိုင်ငံ ရုပ်သံလွှင့်ဌာနမှ ဖော်ပြချက်အရသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.