Africa & Middle East
အီရန်နိုင်ငံတွင် အင်အားပြင်ငလျင်လှုပ်ခတ်မှုကြောင့် အနည်းဆုံး လူ ၂၃ ဦး ဒဏ်ရာရ

တီဟီရန် ၊ ဧပြီ ၂ ရက်(ဆင်ဟွာ)
အီရန်နိုင်ငံ အနောက်ပိုင်း Kermanshahပြည်နယ်တွင် ဧပြီ ၁ ရက်က ပြင်းအား ၅.၃ အဆင့် ငလျင်လှုပ်ခတ် ခဲ့ရာ အနည်းဆုံး လူ ၂၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အီရန်မီဒီယာများ၏ သတင်းများအရ သိရှိရသည်။
၎င်းမြေငလျင်မှာ Sarpol-e Zahabမြို့အနီးတဝိုက်ကို ဗဟိုပြုပြီးလှုပ်ခတ်ခဲ့ရာ မြို့တွင်းနေအိမ်အချို့ပြိုကျ ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ဒဏ်ရာရသူ အနည်းဆုံး ၂၃ ဦးရှိကြောင်း ၊ ဒဏ်ရာရသူများကို နီးစပ်ရာဆေးရုံသို့ ပို့ဆောင် ကုသနေပြီဖြစ်ကြောင်း သိရသည်။ (Xinhua)