Connect with us

Africa & Middle East

မတ်လအတွင်း လစ်ဗျားနိုင်ငံ၌ တိုက်ပွဲများကြောင့် အရပ်သား ၅ ဦးသေဆုံး ၊ ၁၁ ဦးဒဏ်ရာရ

တိုက်ပွဲများဖြစ်ပွားနေသော လစ်ဗျားနိုင်ငံ ထရီပိုလီမြို့ အားတွေ့ ရစဉ်(ဆင်ဟွာ)

ထရီပိုလီ ၊ ဧပြီ ၂ ရက် (ဆင်ဟွာ)

၂ဝ၁၈ ခုနှစ် ၊ မတ်လအတွင်း လစ်ဗျားနိုင်ငံ၌ ပဋိပက္ခတိုက်ပွဲများကြောင့် အရပ်သား ၅ ဦးသေဆုံးပြီး ၁၁ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကုလသမဂ္ဂမှ ကျောထောက်နောက်ခံပြုထားသည့် (UNSMIL) က ဧပြီ ၁ ရက်တွင်ပြောကြားခဲ့သည်။

၂ဝ၁၈ ခုနှစ် မတ်လ ၁ ရက် မှ မတ်လ ၃၁ ရက်အထိ လစ်ဗျားနိုင်ငံ အနှံ့အပြား၌ ဖြစ်ပွားနေသော ရန်လိုသည့် တိုက်ခိုက်မှုများကြောင့် အရပ်သား ထိခိုက်သေဆုံးစာရင်း ၁၆ ဦး ရှိကြောင်း ၊ ၎င်းတို့အနက် ၅ ဦးသေဆုံးပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ၊ လွန်ခဲ့သော ၂ လက သေဆုံးဒဏ်ရာရစာရင်းဖြင့် နှိုင်းယှဉ်ပါက ကိန်းဂဏန်းလျော့နည်းသွားကြောင်း UNSMIL ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပစ်ခတ်မှု ၊ ကားဗုံးခွဲတိုက်ခိုက်မှု ၊ ဗုံးပေါက်ကွဲမှုများကြောင့် အရပ်သားများ ထိခိုက်သေဆုံး မှုများဖြစ်ပေါ်ခဲ့ရကြောင်းအစီရင်ခံစာတွင် ရေးသားထားသည်။

UNSMIL က လစ်ဗျားနိုင်ငံအတွင်းရှိ တိုက်ခိုက်နေကြသည့်အဖွဲ့များအားလုံးကို “ မော်တာကျည်များ နှင့် အခြားတိုက်ရိုက်မဟုတ်သော လက်နက်ခဲယဉ်းများကို အသုံးပြု၍ အရပ်သားများနေထိုင်ရာ နေရာများကို ပစ်ခတ်ခြင်းမပြုရန် နှင့် လူနေထူထပ်သော နေရာများတွင် အခြားစစ်ရေးအရ ပစ်ခတ်တိုက်ခိုက်ခြင်းမျိုး မပြုလုပ်ရန် ” တောင်းဆိုထားကြောင်း သိရသည်။

လစ်ဗျားခေါင်းဆောင် ဂါဒါဖီ အားဖြုတ်ချသည့် ပဋိပက္ခများ စတင်ဖြစ်ပွားရာ ၂ဝ၁၁ခုနှစ်မှ စတင်ကာ လစ်ဗျားနိုင်ငံ၌ အကြမ်းဖက်မှုများ ၊ မတည်ငြိမ်မှုများ နှင့် နိုင်ငံရေးအရ ကွဲပြားမှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။(Xinhua)