Connect with us

Africa & Middle East

အီရန်နိုင်ငံ နျူကလီးယားအဆောက်အဦး စောင့်ကြည့်မှုအချက်အလက်များကို နိုင်ငံတကာအနုမြူစွမ်းအင် အေဂျင်စီ ရရှိတော့မည်မဟုတ်ကြောင်း အီရန်နိုင်ငံ ထုတ်ပြန်

တီဟီရန် ၊ မေ ၂၄ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံ လွှတ်တော်ဥက္ကဋ္ဌ Mohammad Bagher Ghalibaf က မေလ ၂၃ ရက်၌ အီရန်နိုင်ငံ အမျိုးသားရုပ်သံလိုင်း မှ မိန့်ခွန်းပြောကြားရာတွင် နိုင်ငံတကာအနုမြူစွမ်းအင် အေဂျင်စီ (IAEA) နှင့် အီရန်နိုင်ငံ အကြား သဘောတူညီချက်ရရှိထားသော အချိန် ၃ လတာ ယာယီနည်းပညာသဘောတူညီချက် က မေလ ၂၂ ရက်၌ အချိန်ကုန်ဆုံးသွားပြီးဖြစ်သောကြောင့် နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ အနေဖြင့် အီရန်နိုင်ငံ နျူကလီးယား အဆောက်အဦးများအား စောင့်ကြည့်ရိုက်ကူးထားသည့် ဗီဒီယို မှတ်တမ်းအချက်အလက်များအား ရရှိတော့မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။Ghalibaf က အီရန်နိုင်ငံ အနေဖြင့် လွှတ်တော် မှ အတည်ပြုခဲ့သည့် အရေးယူပိတ်ဆို့မှုတန်ပြန်ဆောင်ရွက်ခြင်း မဟာဗျူဟာနည်းလမ်း ကိုဆောင်ရွက်သွားရန်ဆုံးဖြတ်ခဲ့ပြီး အီရန်နိုင်ငံ အမြင့်ဆုံးခေါင်းဆောင် Ali Khamenei အနေဖြင့်လည်း ယင်းဆောင်ရွက်မှု ဥပဒေအပေါ် ထောက်ခံအားပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် အီရန်အမျိုးသားရုပ်သံလိုင်း၏ ဖော်ပြချက်အရ နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ နှင့် အီရန်နိုင်ငံအကြား သဘောတူညီချက်သည် အချိန်ကာလတစ်လ ထပ်မံတိုးမြှင့်နိုင်ဖွယ်ရှိကြောင်း ၊ အီရန်နိုင်ငံ၏ တောင်ဆိုးချက်များကို ဖြည့်ဆည်းပေးနိုင်ပါက ဗီဒီယိုမှတ်တမ်းအချက်အလက်များကို နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ ထံသို့ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

၂၀၁၅ ခုနှစ် ဇူလိုင်လ၌ အီရန် နိုင်ငံ က အမေရိကန် ၊ ဗြိတိန် ၊ ပြင်သစ် ၊ ရုရှား ၊ တရုတ် နှင့် ဂျာမနီ နိုင်ငံတို့ဖြင့် အီရန်နျူကလီးယားအရေး ဘက်စုံသဘောတူညီမှုစာချုပ်အား လက်မှတ်ရေးထိုးခဲ့သည်။ သဘောတူညီချက်အရ အီရန်နိုင်ငံ အနေဖြင့် ၎င်းတို့၏ နျူကလီးယားအစီအစဉ်များကို ကန့်သတ်သွားရန် ကတိပြုခဲ့ပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့်လည်း အီရန်နိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများအား ပယ်ဖျက်သွားရန် သဘောတူညီခဲ့ကြသည်။ အီရန် နျူကလီးယားသဘောတူညီချက်တွင် အီရန်နိုင်ငံ မှ နျူကလီးယား လက်နက်မပြန့်ပွားရေးစာချုပ် အရ ပူးတွဲပါရှိသော နျူကလီးယားလှုပ်ရှားမှုဆိုင်ရာ မိမိသဘောအရ ပါဝင်ဆောင်ရွက်မှုတွင် နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ အား အီရန်နိုင်ငံနျူကလီးယားလှုပ်ရှားမှုများအပေါ် ကျယ်ပြန့်စွာ ကြီးကြပ်ခွင့်ပေးအပ်ခဲ့သည်။ သဘောတူညီချက်ကို လိုက်နာရန် ရပ်တန့်လိုက်ပါ က အဆိုပါဆောင်ရွက်ပိုင်ခွင့်များမှာလည်း ရပ်ဆိုင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ တွင် အီရန် နိုင်ငံ နှင့် နိုင်ငံတကာအနုမြူစွမ်းအင် အေဂျင်စီ တို့က အလွန်ဆုံး ၃ လတာအချိန်ကာလကြာမြင့်မည့် ယာယီနည်းပညာဆိုင်ရာ သဘောတူညီချက်ကို ရရှိခဲ့ကြပြီး အနုမြူစွမ်းအင် အေဂျင်စီ အနေဖြင့် ၃ လတာ အချိန်ကာလအတွင်း ဆက်လက်၍ လိုအပ်သော စစ်ဆေးမှု နှင့် ကြီးကြပ်မှုများဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ အီရန်နိုင်ငံ ဘက်မှလည်း နျူကလီးယား အဆောက်အဦများအား စောင့်ကြည့်ရိုက်ကူးထားသည့် ဗီဒီယို အချက်အလက်များအား ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ၊ ၃ လတာ အချိန်ကာလအတွင်း အမေရိကန် နိုင်ငံ မှ အီရန်နိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများအား ပယ်ဖျက်ခဲ့ပါက အီရန်နိုင်ငံ က အဆိုပါ ဗီဒီယိုမှတ်တမ်းများကို နိုင်ငံတကာအနုမြူစွမ်းအင် အေဂျင်စီ သို့လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း ၊ အရေးယူပိတ်ဆို့မှု ပယ်ဖျက်ခဲ့ခြင်းမရှိခဲ့ပါက အီရန် နိုင်ငံအနေဖြင့် အချက်အလက်များအား ဖျက်ဆီးလိုက်မည်ဖြစ်ကြောင်း သိရှိရသည်။ (Xinhua)

————————————————-
(Chinese Version)

(国际)伊朗议长:国际原子能机构将无法获得伊核设施监控资料

新华社德黑兰5月23日电(记者王守宝 高文成)伊朗议长卡利巴夫23日通过国家电视台表示,由于国际原子能机构和伊朗达成的三个月临时技术协议22日到期,国际原子能机构将无法获得监控伊朗核设施的视频资料。

卡利巴夫表示,伊朗决心执行议会通过的《反制裁战略法》,伊朗最高领袖哈梅内伊也支持执行这一法律。
另据伊朗国家电视台援引一名不愿透露姓名的伊朗官员的话报道,国际原子能机构与伊朗之间的协议可能会有条件地再延长一个月。在此期间,如果伊朗的要求得到满足,视频监控资料将被移交给国际原子能机构。

2015年7月,伊朗与美国、英国、法国、俄罗斯、中国和德国达成伊朗核问题全面协议。根据协议,伊朗承诺限制其核计划,国际社会解除对伊制裁。作为伊朗在伊核协议中所作承诺的一部分,伊朗按《不扩散核武器条约》附加议定书要求采取一些有关核活动的自愿措施,给予国际原子能机构更广泛监督伊朗核活动的权限。中止履行该议定书意味着这些措施将暂停。

2018年5月,美国政府单方面退出伊核协议,随后重启并新增一系列对伊制裁措施。2019年5月以来,伊朗逐步中止履行伊核协议部分条款,但承诺所采取措施“可逆”。伊朗议会2020年12月通过《反制裁战略法》,要求政府在一定期限内未发现对伊制裁解除的情况下,进一步突破伊核协议的限制。
2021年2月,伊朗与国际原子能机构达成一项最长达三个月的临时技术协议,国际原子能机构将在最长三个月时间内继续其必要的核查和监督活动,伊朗将保存一些核设施的视频监控资料。如果三个月内美国解除对伊朗的制裁,伊朗将把这些监控资料交给国际原子能机构。如果制裁届时没有解除,伊朗将销毁这些资料。(完)

Photo
这是7月10日在奥地利维也纳拍摄的国际原子能机构总部大楼的资料照片。(新华社/法新)