Africa & Middle East
အီရန်အနောက်တောင်ပိုင်း လက်ဖက်ရည်ဆိုင်တစ်ခုတွင် မီးလောင်ကျွမ်းမှုကြောင့် လူ ၁၆ ဦး သေဆုံးဒဏ်ရာရ

တီဟီရန် ၊ ဧပြီ ၄ ရက်(ဆင်ဟွာ)
အီရန်အနောက်တောင်ပိုင်း Khuzestan ပြည်နယ် Ahvaz မြို့တွင် လက်ဖက်ရည်ဆိုင်တစ်ဆိုင် မီးလောင်မှု ကြောင့် အနည်းဆုံး လူ ၁၁ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိကြောင်း အီရန်မီဒီယာများ၏ ဧပြီလ ၃ ရက်တွင် ထုတ်ပြန်သည့် သတင်းများအရ သိရှိရသည်။
မီးလောင်ကျွမ်းမှုဖြစ်ပွားစဉ် ဆိုင်တွင်း လူ ၆၀ ကျော် ပိတ်မိနေရာ ဒေသခံ အရံမီးသတ်ဖွဲ့က အခင်းဖြစ်ပွားသော နေရာသို့ ချက်ချင်းသွားရောက် မီးငြိမ်းသတ်ခဲ့ရာ လူ ၄၀ ကျော်ကို အောင်မြင်စွာ ကူညီကယ်ဆယ်နိုင်ခဲ့ကြောင်း ၊ မီးရှို့သည်ဟု သံသယရှိသူတစ်ဦးအား ရဲတပ်ဖွဲ့မှဖမ်းဆီးခဲ့ပြီး အဘယ်ကြောင့် ထိုသို့လုပ်ဆောင်ရသည်ကို ဆက်လက်စစ်ဆေးရမည်ဖြစ်ကြောင်း၊ လက်ရှိတွင်မူ အကြမ်းဖက်လှုပ်ရှားမှုမဖြစ်နိုင်ဟု ဆိုရမည်ဖြစ်ကြောင်း Ahvaz မြို့ လုံခြုံရေးရဲတပ်ဖွဲ့က ဆိုသည်။ (Xinhua)