Connect with us

Africa & Middle East

အာဖဂန် မြို့တော်တွင် ပေါက်ကွဲမှုဖြစ်ပွား၊ လူ ၂ ဦး ဒဏ်ရာရ

အာဖဂန်နစ္စတန်နိုင်ငံရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ကဘူးလ်၊ ဧပြီ ၄ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ ဗလီကျောင်းကြီး တစ်ခုအနီး ဧပြီလ ၄ ရက်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မျက်မြင်သက်သေများနှင့် သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

“ဒေသစံတော်ချိန် နံနက် ရး၃၀ နာရီဝန်းကျင်ကEid Gah ဗလီနားမှာ ပေါက်ကွဲသံကြီးကြားလိုက်ရတယ်။ ပေါက်ကွဲသံကြောင့် မနက်ခင်း လူအသွားအလာများတဲ့အချိန် ဒေသခံတွေနဲ့ အနီးဝန်းကျင်ကလူတွေအကြား ထိတ်လန့်တကြား ဖြစ်ခဲ့ရတယ်” ဟု မျက်မြင်သက်သေ တစ်ဦးဖြစ်သော Farhad Mohammadi က ဆင်ဟွာသို့ တယ်လီဖုန်းမှ တစ်ဆင့်ပြောကြားခဲ့သည်။

မြို့၏ အမှတ် ၁၆ ရဲတပ်ဖွဲ့ ခရိုင်အတွင်းရှိ အမျိုးသား ကာကွယ်ရေးဝန်ကြီးဌာန ရုံးခွဲအနီး ပေါက်ကွဲစေသော ပစ္စည်းထောင်ထားခဲ့ပြီး ဖောက်ခွဲခဲ့ရာ လူ ၂ ဦး ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။

ဒဏ်ရာရသူများအား အနီးရှိ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

မြို့တော် ကဘူးလ်တွင် လွန်ခဲ့သည့် နှစ်နှစ်အတွင်း အကြမ်းဖက် တိုက်ခိုက်မှုများစွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.