Connect with us

Africa & Middle East

အီရန် နိုင်ငံခြားရေး ဝန်ကြီး က ကုလသမဂ္ဂ တွင် အမေရိကန် နိုင်ငံ က စီးပွားရေး အကြမ်းဖက်ဝါဒ ဆောင်ရွက်နေကြောင်း ပြစ်တင် ဝေဖန်

အီရန် နိုင်ငံခြားရေး ဝန်ကြီး မိုဟာမက် ဂျာဗက်ဇာရစ်ဖ် (Mohammad Javad Zarif) အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)

အီရန် နိုင်ငံခြားရေး ဝန်ကြီး မိုဟာမက် ဂျာဗက်ဇာရစ်ဖ် (Mohammad Javad Zarif) က ဇူလိုင်လ ၁၇ ရက် တွင် ကုလသမဂ္ဂ ၌ ကျင်းပ ပြုလုပ်သည့် အစည်းအဝေး တစ်ရပ် တွင် အမေရိကန် နိုင်ငံ မှ အီရန် နိုင်ငံ အပေါ် စီးပွားရေး ပိတ်ဆို့မှုများ ဆောင်ရွက်ခြင်းသည် စီးပွားရေး အကြမ်းဖက် ဝါဒ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ပြစ်တင် ဝေဖန် ခဲ့ပြီး ယင်းဆောင်ရွက်မှုမျိုးက အီရန် နှင့် အခြား နိုင်ငံ များ ရေရှည် ဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်ရန် အတွက် အကြီးမားဆုံးသော ခြိမ်းခြောက်မှု တစ်ရပ် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အီရန် နိုင်ငံခြားရေး ဝန်ကြီး က နယူးယောက် မြို့ရှိ ကုလသမဂ္ဂ ရုံးချုပ် တွင် ကျင်းပ ပြုလုပ်သည့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အဆင့်မြင့် နိုင်ငံရေး ဆွေးနွေးပွဲ တွင် အီရန် နိုင်ငံ ပြည်သူလူထု များ အနေဖြင့် အပြစ်မဲ့ ပြည်သူလူထု ကို ပစ်မှတ်ထားပြီး တရားမဝင် နိုင်ငံရေး ရည်ရွယ်ချက် ရရှိအောင် ဆောင်ရွက်သော အရက်စက်ဆုံးသော စီးပွားရေး အကြမ်းဖက် ဝါဒ ဖိနှိပ်မှု ကို ခံရနေကြောင်း ၊ အမေရိကန် နိုင်ငံ သည် လုံခြုံရေး ကောင်စီ ၏ ဆုံးဖြတ်ချက် ကို ချိုးဖောက်ပြီး အီရန် နိုင်ငံ အပေါ် တရားမဝင် စီးပွားရေး ပိတ်ဆို့အရေးယူမှုများ ဆောင်ရွက်နေကြောင်း ၊ ယင်းဆောင်ရွက်မှု က အီရန် နိုင်ငံ နှင့် အိမ်နီးချင်း နိုင်ငံ များ ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်မှု အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်စေခဲ့ကြောင်း ပြောကြား ခဲ့သည်။

ဂျာဗက်ဇာရစ်ဖ် အနေဖြင့် ဇူလိုင် ဇူလိုင်လ ၁၄ ရက် ၌ နယူးယောက် မြို့ ကို ရောက်ရှိခဲ့ခြင်း ဖြစ်ပြီး အမေရိကန် နိုင်ငံ က အစည်းအဝေး ကျင်းပ ရာ နိုင်ငံ ဖြစ်သောကြောင့် ဗီဇာ ခွင့်ပြုပေးခဲ့သော်လည်း အခြား သွားလာလှုပ်ရှားမှုများ ကို တင်းကျပ်စွာ ကန့်သတ် ခဲ့ကြောင်း ၊ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး က ဇူလိုင်လ ၁၄ ရက် ၌ က အီရန် နိုင်ငံ ကိုယ်စားလှယ် အဖွဲ့အနေဖြင့် ကုလသမဂ္ဂ နှင့် အမေရိကန် နိုင်ငံ ဆိုင်ရာ အီရန် သံရုံး နှင့် သံအမတ် အိမ်တော် ကို သာ သွားရောက်ခွင့်ပြုကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။

အမေရိကန် နိုင်ငံ က ယခင် နှစ် မေလ တွင် အီရန် နျူကလီးယား အရေး သဘောတူညီချက် မှ နုတ်ထွက်ကြောင်း တစ်ဖက်သတ် ကြေညာ ခဲ့ပြီး အီရန် နိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့မှုများ တဖြည်းဖြည်း တိုးမြှင့်ဆောင်ရွက်ခဲ့သည်။ အီရန် နိုင်ငံ က တုံ့ပြန်ဆောင်ရွက်မှု အနေဖြင့် ယခု နှစ် မေလ ၈ ရက် တွင် အီရန် နျူကလီးယား အရေး သဘောတူညီချက် တွင် ပါရှိသည့် အချက် အချို့ အား လိုက်နာရန် ရပ်ဆိုင်းကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။(Xinhua)