Connect with us

Africa & Middle East

အီရန် နျူကလီးယား သဘောတူညီချက်ကို ထိန်းသိမ်းလိုက်နာရန်မှာ ရေနံတင်ပို့မှုက အခြေခံအကြောင်းတရားဖြစ်ကြောင်း အီရန် နိုင်ငံခြားရေးဝန်ကြီးက ဆို

အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗက်ဇာရစ်ဖ် (Mohammad Javad Zarif) အား တွေ့ရစဉ်(ဆင်ဟွာ)

တီဟီရန်၊ သြဂုတ် ၆ ရက်(ဆင်ဟွာ)

အီရန် နျူကလီးယားသဘောတူညီချက်ကို ဆက်လက်ထိန်းသိမ်းရန်မှာ အီရန်၏ နေ့စဉ် ရေနံစိမ်း စည် ၂၈ သိန်း တင်ပို့နိုင်မှုပေါ်တွင် အခြေခံကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗက်ဇာရစ်ဖ် (Mohammad Javad Zarif)က သြဂုတ် ၅ ရက်တွင် ပြောကြားခဲ့သည်။

အီရန် နိုင်ငံအနေဖြင့် အီရန် နျူကလီးယားသဘောတူညီချက်ကို ဆက်လက်လိုက်နာ ထိန်းသိမ်းသွားလိုကြောင်း ၊ သို့သော်လည်း သဘောတူညီချက်တွင် လက်မှတ်ရေးထိုးထားသောနိုင်ငံများက ဆောင်ရွက်သင့်သည်များကို ဆောင်ရွက်စေလိုကြောင်း IRNAသတင်းအေဂျင်စီက အီရန်နိုင်ငံခြားရေးဝန်ကြီး ၏ ပြောကြားချက်ကို ကိုးကားဖော်ပြထားသည်။ အီရန် ရေနံတင်ပို့မှု ပမာဏသည် ၂၀၁၈ ခုနှစ် မေလ အမေရိကန် သဘောတူညီချက်မှ နုတ်ထွက်မည်ဟု ကြေညာထားသည့်အချိန်က ပမာဏမျိုးရှိသင့်ကြောင်း ၊ ၎င်းမှာ အီရန်က နျူကလီးယားသဘောတူညီချက်ကို လိုက်နာကျင့်သုံးမည့် အခြေခံ ဖြစ်ကြောင်း ဆိုသည။်

ဥရောပနိုင်ငံများအနေဖြင့် အီရန်နိုင်ငံကို နျူကလီးယားသဘောတူညီချက်ပါ ကတိကဝတ်များအတိုင်း ဆောင်ရွက်ပေးရန် မိုဟာမက် ဂျာဗက်ဇာရစ်ဖ်က ထပ်မံ တိုက်တွန်းနှိုးဆော်ထားသည်။ လက်ရှိတွင် ရေနံတင်ပို့မှုသာမက ဥရောပတိုက်နိုင်ငံများက အီရန်နိုင်ငံ၏ငွေကြေးလှည့်လည်စီးဆင်းမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ကတိကဝတ်များကို အကောင်အထည်ဖော်မှုမရှိသေးကြောင်း ၊ သဘောတူညီချက်အတိုင်းဆောင်ရွက်ရာတွင် ဥရောပနိုင်ငံများက အမေရိကန်နိုင်ငံအပေါ် မူမတည်သင့်ကြောင်း မိုဟာမက် ဂျာဗက်ဇာရစ်ဖ်က ဆိုသည်။

၂၀၁၈ ခုနှစ် မေလတွင် အမေရိကန်က အီရန်နျူကလီးယားသဘောတူညီချက်မှ တစ်ဖက်သတ်နုတ်ထွက်ခဲ့ပြီးနောက် အီရန်ပေါ်ပိတ်ဆို့မှုများ မပြတ်ထပ်တိုးဆောင်ရွက်ခဲ့ရာ အထူးသဖြင့် အီရန်ရေနံတင်ပို့မှုများကို ကန့်သတ်မှုများ ပြုလုပ်ခဲ့သည်။ အီရန်က နျူကလီးယားသဘောတူညီချက်ကို ထပ်မံ ညှိနှိုင်းဆွေးနွေးမည်မဟုတ်၊ အကယ်၍ သဘောတူညီချက်ပါ အကြောင်းအရာများက အီရန်၏အခွင့်အရေးကို ထိန်းသိမ်းမှုမရှိပါက ၎င်းသဘောတူညီချက်ကို လိုက်နာကျင့်သုံးတော့မည်မဟုတ်ဟု ဆိုသည်။ ယခုနှစ် မေလတွင် အီရန်က နျူကလီးယားသဘောတူညီချက်ပါကဏ္ဍအချို့ကို ရပ်နားခဲ့ရာ လက်ရှိတွင် အီရန်၏ ယူရေနီယံအားဖြည့်သန့်စင်မှုနှင့် သိုလှောင်မှုပမာဏသည် သဘောတူညီချက်ပါကန့်သတ်ချက်ထက် ကျော်လွန်နေပြီဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.