Connect with us

Africa & Middle East

Emirates လေယာဉ်ပေါ်တွင် ခရီးသည် မိန်းကလေးတစ်ဦးသေဆုံး

Emirates လေကြောင်းလိုင်းပိုင် အဲဘတ်စ်လေယာဉ်တစ်စီးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဒူဘိုင်း၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)

Emirates A380 အဲဘတ်စ်လေယာဉ် သည် ကူဝိတ်လေဆိပ်မှ ထွက်ခွာလာပြီး ၄၅မိနစ်အကြာတွင် လေယာဉ်ပေါ်၌ လိုက်ပါလာသော အသက် ၇နှစ်အရွယ် ခရီးသည်မိန်းကလေးတစ်ဦး သေဆုံးသွားသဖြင့် ဒူဘိုင်းမှ မြူးနစ် သို့ ခရီးစဉ်လမ်းကြောင်းကို ပြောင်းလဲခဲ့ရကြောင်း လေကြောင်းလိုင်းကပြောကြားခဲ့သည်ကို ဒူဘိုင်းနေ့စဉ်သတင်းစာ Gulf ကဖော်ပြခဲ့သည်။

ခရီးသည်အား အရေးပေါ်ကုသပေးခဲ့သော်လည်း မြေပြင်သို့ ရောက်ရှိချိန်၌ အရေးပေါ်ဆရာဝန်က ခရီးသည်သေဆုံးသွားပြီဖြစ်ကြောင်း အတည်ပြုပေးခဲ့သည်ဟု Emirates လေကြောင်းလိုင်းက ပြောကြားခဲ့ကြောင်း သတင်း၌ပါရှိသည်။

လေကြောင်းလိုင်း၏ ထုတ်ပြန်ချက်တွင် မိန်းကလေးငယ်သေဆုံးရခြင်းအကြောင်းရင်းကို ဖော်ပြထားခြင်းမရှိသော်လည်း ၎င်းသည် ကိုယ်အပူချိန်မြင့်တက်ကာ ဖျားနာနေကြောင်းသိရသည်။ မိန်းကလေးငယ် နှင့် အတူ မိသားစုဝင် ၄ဦးလိုက်ပါလာကြောင်း သိရသည်။

ထုတ်ပြန်ချက်၌ Emirates လေကြောင်းလိုင်းက သေဆုံးသွားသူ မိန်းကလေးငယ်၏ မိသားစု နှင့် ထပ်တူဝမ်းနည်းကြေကွဲရပါကြောင်း ဖော်ပြထားပြီး လေယာဉ်သည် သတ်မှတ်ချိန်ထက်နောက်ကျ၍ မြူးနစ်မြို့သို့ရောက်ရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.