Africa & Middle East
လက်ဘနွန်-အစ္စရေး နယ်စပ်အခြေအနေ အထိန်းအကွပ်မဲ့ ဖြစ်သွားနိုင်ဟု UNIFIL သတိပေး

ဘေရွတ်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)
လက်ဘနွန်နိုင်ငံနှင့် အစ္စရေးနိုင်ငံ နယ်စပ်အခြေအနေ အထိန်းအကွပ်မဲ့ ဖြစ်နိုင်ရာ သက်ဆိုင်ရာအသီးသီးက အရေးပေါ် အပစ်အခတ်ရပ်စဲကြရန် တိုက်တွန်းကြောင်း လက်ဘနွန်အခြေစိုက်ကုလသမဂ္ဂယာယီတပ်ဖွဲ့ (UNIFIL) ပြောရေးဆိုခွင့်ရှိသူက အောက်တိုဘာ ၁၃ ရက် ညပိုင်းတွင် ထုတ်ပြန်ပြောကြားခဲ့သည်။

အစ္စရေးနိုင်ငံ မြောက်ပိုင်း လက်ဘနွန်နိုင်ငံ နယ်စပ်ဒေသအနီးတွင် အစ္စရေး စစ်ဘက်သုံးယာဉ်များအား ၂၀၂၃ ခုနှစ် အောက်တိုဘာ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အစ္စရေးစစ်ဘက်သုံးယာဉ်များ အစ္စရေးနိုင်ငံ မြောက်ပိုင်း လက်ဘနွန်နိုင်ငံ နယ်စပ်ဒေသအနီးရှိ လမ်းပေါ်တွင် မောင်းနှင်နေသည်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အစ္စရေးက ယင်းနေ့ညပိုင်းတွင် လက်ဘနွန်နိုင်ငံ တောင်ပိုင်း ကျေးရွာများကို အမြောက်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သတင်းထောက်ယာဉ်တစ်စီး သေနတ်ထိမှန်ခဲ့သဖြင့် ရိုက်တာသတင်းဌာနတွင် အလုပ်လုပ်နေသူ လက်ဘနွန်နိုင်ငံသား ဓာတ်ပုံသတင်းထောက်တစ်ဦး သေဆုံးပြီး သတင်းထောက် ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန် မီဒီယာများ၏ သတင်းများအရ သိရသည်။
အစ္စရေးက လက်ဘနွန်နိုင်ငံတောင်ပိုင်းကို တိုက်ခိုက်သည့် အရှိန်အဟုန်အား အောက်တိုဘာ ၁၃ ရက်တွင် မြှင့်တင်ခဲ့ပြီး ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း လက်ဘနွန်နိုင်ငံပိုင် သတင်းအေဂျင်စီ၏ သတင်းများတွင် ဖော်ပြထားသည်။ ထို့နောက်မကြာမီ ဟစ်ဇ်ဘိုလာအဖွဲ့က ၎င်း၏လက်နက်ကိုင်အဖွဲ့ဝင်များ အစ္စရေးနယ်စပ် နေရာ ၄ ခုကို တိုက်ခိုက်ခဲ့ကြောင်း ကြေညာခဲ့သည်။ (Xinhua)
#Israel #Lebanon #အစ္စရေး #လက်ဘနွန်
…………………………….
(Chinese Version)
联黎部队警告黎以边境局势可能失控
新华社贝鲁特10月13日电联合国驻黎巴嫩临时部队(联黎部队)发言人13日晚发表声明,警告黎巴嫩和以色列边境局势可能失控,并呼吁有关方面紧急停火。
据黎巴嫩媒体报道,以色列当晚对黎南部村庄进行炮击,一辆记者车辆中弹,造成一名为路透社工作的黎巴嫩摄影记者死亡、6名记者受伤。另据黎国家通讯社报道,以色列13日加大对黎南部的攻击力度,对数个村庄进行轰炸。黎巴嫩真主党随后宣布,其武装人员对以色列4个边境地点进行了袭击。
1,2. 这是10月8日在以色列北部靠近黎巴嫩的边境区域拍摄的以色列军用车辆。
3. 10月8日,以色列军用车辆在北部靠近黎巴嫩边境区域的道路上行驶。