Connect with us

Africa & Middle East

အစ္စရေးတပ်ဖွဲ့ဝင်များ ဂါဇာကမ်းမြောင်ရှိ အချို့ဒေသများအား တိုက်ခိုက်လျက်ရှိ

အစ္စရေးနိုင်ငံ တောင်ပိုင်း အစ္စရေး-ဂါဇာနယ်စပ်အနီး နေရာယူနေသည့် အစ္စရေးအမြောက်တပ်ဖွဲ့ကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလမ်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က စစ်သွေးကြွများကို နှိမ်နင်းရန် ဂါဇာကမ်းမြောင်ရှိ အချို့ဒေသများကို အပြင်းအထန် တိုက်ခိုက်လျက်ရှိကြောင်း အောက်တိုဘာ ၁၃ ရက်က ကြေညာခဲ့သည်။

ဂါဇာမြို့တွင် အစ္စရေးလေကြောင်းတိုက်ခိုက်မှုအတွင်း မီးခိုးလုံးများ ထွက်ပေါ်လာသည်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

IDF က “ယင်းဧရိယာအတွင်း တွေ့ရတဲ့ အကြမ်းဖက် အဆောက်အအုံတွေနဲ့ အကြမ်းဖက်အဖွဲ့တွေကို” ဖျက်ဆီးရန် ဂါဇာတွင် တိုက်ခိုက်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း IDF ပြောရေးဆိုခွင့်ရှိသူ Daniel Hagari က ထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။
ခြေလျင်တပ်ဖွဲ့များနှင့် တင့်ကားတပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၁၃ ရက်က ဂါဇာနယ်မြေအတွင်းသို့ ဝင်ရောက်သွားပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။ အဆိုပါ စစ်ဆင်ရေးအတွင်း ပျောက်ဆုံးနေသူများ ပြန်လည်ရှာဖွေရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

ဂါဇာအာဏာရ Palestinian Islamic Resistance Movement ဟားမက်စ်အဖွဲ့က အစ္စရေးအား ရုတ်တရက် တိုက်ခိုက်ခဲ့ကာ အစ္စရေးအရပ်သားများနှင့် စစ်သားများကို ဂါဇာသို့ ဓားစာခံများအဖြစ် ခေါ်ဆောင်သွားခဲ့သည့် အောက်တိုဘာ ၇ ရက်မှစ၍ ဂါဇာတွင် မြေပြင်စစ်ဆင်ရေးများ စတင်မည်ဟု အစ္စရေးက ပထမဆုံး အသိပေးလိုက်ခြင်းလည်း ဖြစ်သည်။

ဂါဇာဒေသနှင့် West Bank တို့တွင် အစ္စရေးဘက်မှ လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးသူ အရေအတွက်မှာ ၁,၈၄၃ ဦးရှိပြီး အခြားသူ ၆,၆၃၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရာမာလာမြို့အခြေစိုက် ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးက ပြောခဲ့သည်။
အစ္စရေးဘက် သေဆုံးသူများအနေဖြင့်မူ ၁,၃၀၀ ဦးအထိ ရောက်ရှိလာခဲ့ပြီး ၃,၄၀၀ နီးပါး ဒဏ်ရာရရှိခဲ့ကြောင်း အစ္စရေး မီဒီယာက တရားဝင်သတင်းရင်းမြစ်များကို ကိုးကား၍ အောက်တိုဘာ ၁၃ ရက်၌ သတင်းဖော်ပြခဲ့သည်။ (Xinhua)

………………………………
(English Version)
Israeli troops conduct “localized raids” into Gaza
JERUSALEM, Oct. 13 (Xinhua) — The Israeli Defense Forces (IDF) announced on Friday that it had conducted “localized raids” into the Gaza Strip to strike militants.
The IDF carried out raids in Gaza to thwart “terrorist infrastructure and terrorist cells found in the area,” IDF spokesperson Daniel Hagari said in a statement.
Infantry forces and armored forces entered Gaza territory on Friday, he said. “During these operations, there was also an effort to locate missing persons,” he added.
This is the first acknowledgment by Israeli military of ground assault in Gaza since the conflict began on Oct. 7, when the Gaza-ruling Palestinian Islamic Resistance Movement (Hamas) led a deadly surprise attack on Israel, taking some Israeli civilians and soldiers as hostages into Gaza.
The death toll from Israeli strikes on Gaza and West Bank has totaled 1,843, while 6,638 others were wounded, the Ramallah-based Palestinian Health Ministry said.
The Israeli fatalities have reached 1,300, while nearly 3,400 were injured, Israeli media reported on Friday, citing official sources.
Photo 1: An Israeli artillery unit is stationed near the Israel-Gaza border, in southern Israel, Oct. 12, 2023.(JINI via Xinhua)
Photo 2: Smoke billows following an Israeli airstrike in Gaza City, on Oct. 12, 2023. (Photo by Rizek Abdeljawad/Xinhua)