Connect with us

China

ပါလက်စတိုင်းအရေးတွင် တရုတ်နိုင်ငံက ငြိမ်းချမ်းရေးဘက်၊ လူသားဆန်သောဘက်မှ ရပ်တည်သွားမည် ဖြစ်ကြောင်း ဝမ်ရိ ပြောကြား

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ဥရောပသမဂ္ဂ နိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့် ကိုယ်စားလှယ် Josep Borrell တို့အား အောက်တိုဘာ ၁၃ ရက်က ပေကျင်းမြို့၌ ကျင်းပသည့် ၁၂ ကြိမ်မြောက် တရုတ်-ဥရောပ အဆင့်မြင့် မဟာဗျူဟာ ဆွေးနွေးပွဲတွင် တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဥရောပသမဂ္ဂ နိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် Josep Borrell နှင့်အတူ တရုတ်-ဥရောပ အဆင့်မြင့် မဟာဗျူဟာ ဆွေးနွေးပွဲအပြီး အောက်တိုဘာ ၁၃ ရက်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ဥရောပသမဂ္ဂ နိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် Josep Borrell တို့အတူ တရုတ်-ဥရောပ အဆင့်မြင့် မဟာဗျူဟာ ဆွေးနွေးပွဲ အပြီး အောက်တိုဘာ ၁၃ ရက်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် (ဆင်ဟွာ)

လက်ရှိ ပါလက်စတိုင်း-အစ္စရေး အခြေအနေအပေါ် သတင်းထောက်၏ မေးမြန်းမှုကို ဝမ်ရိက လက်ရှိ ပါလက်စတိုင်းအခြေအနေသည် အန္တရာယ်များ စိုးရိမ်ဖွယ်ရာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယခုဖြစ်ပွားသည့် ပဋိပက္ခများကြောင့် အရပ်သားများစွာ သေဆုံးဒဏ်ရာရခဲ့ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများ အရှိန်အဟုန်မြင့် ဆိုးဝါးလျက်ရှိကြောင်း၊ အရပ်သားများ ထိခိုက်မှုရှိသည့် လုပ်ရပ်မှန်သမျှ ပြစ်တင်ရှုတ်ချသလို နိုင်ငံတကာဥပဒေကို ချိုးဖောက်သည့် လုပ်ဆောင်မှုမှန်သမျှကို ဆန့်ကျင်ကန့်ကွက်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဝမ်ရိက လက်ရှိ ဆိုးရွားသည့် အခြေအနေ၌ ထိပ်တန်း ဦးစားပေး ကိစ္စရပ်မှာ ပထမအနေဖြင့် အမြန်ဆုံး အပစ်ခတ် ရပ်စဲရမည် ဖြစ်ပြီး အခြေအနေများ နောက်ထပ်တစ်ဆင့်တိုး ဆိုးဝါးလာမှုကို ရှောင်ရှားရန်အတွက် စစ်မက်မီးလျှံ အကန့်အသတ်မဲ့ ကျယ်ပြန့်လာမည်ကို တားဆီးရမည် ဖြစ်ကြောင်း၊ ဒုတိယအနေဖြင့် အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို လေးစားလိုက်နာရမည် ဖြစ်ပြီး အရပ်သား လုံခြုံရေးကို အစွမ်းကုန် အာမခံမှုပေးရမည် ဖြစ်ရာ အလွန်တရာ ဆိုးရွားလှသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေး ဖြစ်ပွားမှုကို တားဆီးရန်အတွက် လူသားချင်းစာနာထောက်ထားမှု ကူညီကယ်ဆယ်ရေးလမ်းကြောင်းကို အမြန်ဆုံး ဖွင့်လှစ်ရမည် ဖြစ်ကြောင်း၊ တတိယအနေဖြင့် ဒေသနှင့်နိုင်ငံတကာလုံခြုံရေးအပေါ် ပိုမိုကြီးမားသည့် ရိုက်ခတ်မှု မဖြစ်ပွားစေရန် သက်ဆိုင်ရာ နိုင်ငံများက ထိန်းထိန်းသိမ်းသိမ်းရှိသင့်ရာ ဓမ္မဓိဋ္ဌာန်ကျ ၊ တရားမျှတကို လက်ကိုင်ထားပြီး ပဋိပက္ခအဆင့် လျော့ကျအောင် တွန်းအားပေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ စတုတ္ထအနေဖြင့် ပါလက်စတိုင်းအရေး ဖြေရှင်းရာတွင် ကုလသမဂ္ဂအနေဖြင့် ၎င်း၏ တာဝန်ကို ထမ်းဆောင်သင့်သလို ထို့အတွက် လုံခြုံရေးကောင်စီအနေဖြင့်လည်း အရေးကြီးတာဝန်ကို ထမ်းဆောင်သင့်ရာ နိုင်ငံတကာ သဘောတူညီမှုများ ဖြစ်မြောက်လာရန်၊ လက်တွေ့ဆောင်ရွက်မှုများ ရှိစေရန် အမြန်ဆုံး ကြိုးပမ်းသင့်ပါကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ အနေဖြင့် သက်ဆိုင်ရာဘက်ပေါင်းစုံနှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။
မိမိတို့အနေဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အရေးပေါ်ဆွေးနွေးမှုများကို တက်ကြွစွာ ပါဝင်လျက်ရာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်၏ အရပ်သားများ ကာကွယ်ရေးဆိုင်ရာ အရေးပေါ်တိုက်တွန်းချက်ကို ထောက်ခံကြောင်း၊ မိမိတို့အနေဖြင့် ကုလသမဂ္ဂလမ်းကြောင်းမှတစ်ဆင့် ဂါဇာကမ်းမြောင်နှင့် ပါလက်စတိုင်း အမျိုးသားအာဏာပိုင်ဌာနများထံသို့ အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဝမ်ရိက ပါလက်စတိုင်းအရေးသည် အရှေ့အလယ်ပိုင်းပြဿနာ၏ အဓိကအချက်ဖြစ်သလို ယနေ့ခေတ် ကမ္ဘာတွင် ခွာပြဲမှုများ အဆက်မပြတ် ဖြစ်ပွားလာသည့် ဒဏ်ရာဒဏ်ချက်လည်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဤပြဿနာ၏ အရင်းအမြစ်မှာ ပါလက်စတိုင်းတို့၏ သီးခြားနိုင်ငံတည်ထောင်ရေးဆန္ဒ ကာလကြာရှည် ဖြစ်မြောက်လာမှု မရှိခြင်း၊ ပါလက်စတိုင်းပြည်သူများ ခံစားနေခဲ့ရသည့် သမိုင်းဝင်မမျှတမှုသည် ပြောင်းလဲမှု မရှိခြင်းတို့ကြောင့် ဖြစ်ကြောင်း၊ အစ္စရေးတွင် နိုင်ငံတည်ထောင်ပိုင်ခွင့် ရှိသလို ပါလက်စတိုင်းတွင်လည်း အလားတူ နိုင်ငံတည်ထောင်ပိုင်ခွင့် ရှိကြောင်း၊ အစ္စရေးလူမျိုးများ၏ ရှင်သန်နေထိုင်မှု အာမခံချက် ရရှိခဲ့ပြီး ပါလက်စတိုင်းလူမျိုးများ၏ ရှင်သန်နေထိုင်မှုအပေါ် မည်သူက ဂရုပြုခဲ့သနည်း၊ ဂျူးလူမျိုးများအနေဖြင့် ကမ္ဘာတွင် ခိုးကိုးရာမဲ့သွားလာနေရခြင်း မရှိတော့သော်လည်း ပါလက်စတိုင်းလူမျိုးများက မည်သည့်အချိန်မှ မိသားစုဥယျာဉ်ကို ပြန်နိုင်မည်နည်း၊ ကမ္ဘာတွင် တရားမမျှတမှု အမျိုးမျိုးရှိနေရာ ပါလက်စတိုင်း၏ တရားမမျှတမှုသည် ရာစုနှစ်ဝက်ကျော်ကြာ တည်ရှိနေပြီး မျိုးဆက်များစွာအတွက် နာကျင်မှု ဖြစ်စေသည့်အခြေအနေသည် ဆက်သွား၍ မရတော့ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

ယင်းပြဿနာကို ဖြေရှင်းရေး နည်းလမ်းမှာ “နှစ်နိုင်ငံ နည်းလမ်း” ဖြစ်ရာ သီးခြား ပါလက်စတိုင်းနိုင်ငံ တည်ထောင်ခြင်း ဖြစ်ကြောင်း၊ သို့မှသာ ပါလက်စတိုင်းနှင့် အစ္စရေး၏ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ အာရပ်လူမျိုးနှင့် ဂျူးလူမျိုး ပြေလည်သင့်မြတ်ရေးကို ဖော်ဆောင်နိုင်မည် ဖြစ်ကြောင်း၊ “နှစ်နိုင်ငံ နည်းလမ်း” အပြည့်အဝဖော်ဆောင်နိုင်မှသာ အရှေ့အလယ်ပိုင်းဒေသတွင် စစ်မှန်သည့် ငြိမ်းချမ်းရေးကို ရရှိနိုင်မည် ဖြစ်သလို အစ္စရေးအတွက်လည်း ရေရှည်လုံခြုံရေး ရရှိမည် ဖြစ်ကြောင်း၊ “နှစ်နိုင်ငံ နည်းလမ်း” ဟူသော လမ်းကြောင်းမှန်ကို တွန်းအားပေးခြင်းသည် ငြိမ်းချမ်းရေး အမြန်ဆုံး ပြန်လည်ရရှိရေး၊ သင့်မြတ်ရေး ယန္တရားများ တွန်းအားပေးရေးတို့တွင် အပြုသဘောအခန်းကဏ္ဍမှ ပါဝင်ရန် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအစိုးရ အရှေ့အလယ်ပိုင်းရေးရာ အထူးသံတမန်သည် မကြာမီကာလများတွင် သက်ဆိုင်ရာနိုင်ငံများသို့ သွားရောက်၍ အပစ်ခတ်ရပ်စဲရေးကို တွန်းအားပေးရန်၊ တင်းမာမှုများ လျှော့ချရန် အပြုသဘော ကြိုးပမ်းအားထုတ်သွားမည် ဖြစ်ကြောင်း ၊ တစ်ချိန်တည်းတွင်ပင် ကုလသမဂ္ဂ၏ ဦးဆောင်မှုအောက်တွင် ပို၍ ဩဇာရှိသော၊ ပို၍သက်ရောက်မှုရှိသော၊ ပို၍ ကျယ်ပြန့်သော အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးညီလာခံကို အမြန်ဆုံးကျင်းပ၍ နိုင်ငံတကာ၏သဘောတူညီချက်များကို စုစည်းကာ ပါလက်စတိုင်းအရေး ဆောလျင်စွာ ဘက်စုံ တရားမျှတမှုနှင့်ရေရှည်ဖြေရှင်းနိုင်ရေး တွန်းအားပေးဆောင်ရွက်ကြရန် တရုတ်နိုင်ငံအနေဖြင့် တိုက်တွန်းကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

ပါလက်စတိုင်းအရေးတွင် တရုတ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးဘက်၊ တရားမျှတမှုဘက်၊ နိုင်ငံတကာ ဥပဒေဘက်၊ နိုင်ငံအများစု၏ ဘုံသဘောဆန္ဒဘက်၊ လူသားဆန်သောဘက်မှ ဆက်လက်ရပ်တည်သွားမည် ဖြစ်သည်ဟု ဝမ်ရိက အလေးထားပြောကြားခဲ့သည်။ (Xinhua)
……………………………..
(Chinese Version)
王毅:在巴勒斯坦问题上,中方站在和平一边、站在人类良知一边
新华社北京10月13日电10月13日,中共中央政治局委员、外交部长王毅同欧盟外交与安全政策高级代表博雷利在举行中欧高级别战略对话后共同会见记者。
针对记者问及当前巴以局势,王毅表示,当前巴勒斯坦形势危急。此轮冲突已导致大量平民伤亡,人道形势急剧恶化。中方谴责一切伤害平民的行为,反对任何违反国际法的作法。
王毅强调,针对当前严峻形势,中方认为当务之急,第一是尽快停火止战,阻止战火无限扩大,避免局势进一步恶化;第二是遵守国际人道法,全力保障平民安全,尽快开辟人道救援通道,防止发生严重人道主义灾难;第三是有关各国都应保持冷静克制,秉持客观公正,推动冲突降级,避免对地区和国际安全造成更大冲击。第四,联合国应为解决巴勒斯坦问题发挥应有作用,安理会应为此承担重要责任,尽快形成国际共识,拿出实际举措。
王毅表示,中方正在同有关各方开展沟通。我们将积极参与联合国安理会的紧急磋商,支持古特雷斯秘书长关于保护平民的紧急呼吁。我们还将通过联合国渠道向加沙地带以及巴勒斯坦民族权力机构提供紧急人道援助。
王毅指出,巴勒斯坦问题始终是中东问题的核心,是当今世界不断被撕开的伤口。这一问题的根源在于巴勒斯坦独立建国的夙愿迟迟未能实现,在于巴勒斯坦人民遭受的历史不公一直未能得到纠正。以色列有建国的权利,巴勒斯坦同样有建国的权利。以色列人已得到生存保障,巴勒斯坦人的生存谁来关心?犹太民族已不在世界上颠沛流离,巴勒斯坦民族何时才能重返家园?这个世界存在各种不公,而对巴勒斯坦的不公已经延宕了大半个世纪,承接了几代人的痛苦,不能再继续下去了!解决问题的方案就是“两国方案”,就是建立独立的巴勒斯坦国,这样才能实现巴勒斯坦和以色列的和平共存,实现阿拉伯和犹太两大民族的和谐相处。“两国方案”完全落地,中东地区才能迎来真正的和平,以色列也才能获得持久的安全。推进“两国方案”的正确路径是尽快恢复和谈,各类促和机制都要发挥积极作用。中国政府中东问题特使将于近期访问地区有关国家,为推动停火止暴、局势降温作出积极努力。同时,中国也呼吁在联合国主导下,尽快召开更加权威、更有影响、更大范围的国际和会,凝聚国际促和共识,推动巴勒斯坦问题早日得到全面、公正、持久解决。
王毅强调,在巴勒斯坦问题上,中方将继续站在和平一边,站在公道一边,站在国际法一边,站在大多数国家的共同愿望一边,站在人类良知一边。(完)
1. 10月13日,中共中央政治局委员、外交部长王毅在北京同欧盟外交与安全政策高级代表博雷利举行第十二轮中欧高级别战略对话。
2. 10月13日,中共中央政治局委员、外交部长王毅在北京同欧盟外交与安全政策高级代表博雷利举行第十二轮中欧高级别战略对话。这是王毅同博雷利举行中欧高级别战略对话后,向记者介绍有关情况。