Africa & Middle East
UAE နိုင်ငံ မှ ရေနံတင် သင်္ဘော တစ်စင်း ဆိုမာလီယာ ပင်လယ်ပြင်တွင် ပင်လယ်ဓားပြ ၏ ဖမ်းဆီးခြင်း ခံခဲ့ရ
နိုင်ရိုဘီ ၊ မတ် ၁၅ ရက် (ဆင်ဟွာ)
UAE နိုင်ငံ မှ ကုမ္ပဏီ တစ်ခု ၏ ရေနံတင် သင်္ဘော တစ်စင်း သည် မတ်လ ၁၃ ရက်နေ့က ဆိုမာလီယာ ပင်လယ်ပြင် တွင် ပင်လယ်ဓားပြ များ၏ ဖမ်းဆီး ခြင်းကို ခံခဲ့ရကြောင်း စုံစမ်းမှု များအရ သိရှိခဲ့ရသည်။
အာဖရိက ဒေသ ပင်လယ်ဓားပြ ကင်းစင်ရေး စီမံကိန်း တာဝန်ရှိသူ John Steed မှ ဆင်ဟွာ သတင်းဌာန ၏ တွေ့ဆုံမေးမြန်းမှု ကို ဖြေကြားရာတွင် ဆိုမာလီယာ ဒေသစံတော်ချိန် မတ်လ ၁၃ ရက်နေ့ နေ့လယ် ၂ နာရီ ၃၀ မိနစ် အချိန်တွင် UAE နိုင်ငံ မှ အသေးစား ရေနံတင် သင်္ဘော တစ်စင်းသည် ဂျီဘူတီ နိုင်ငံ မှ ဆိုမာလီယာ နိုင်ငံ သို့သွားရောက်စဉ် အတွင်း ပင်လယ်ဓားပြ ၏ ဖမ်းဆီးမှု ကိုခံခဲ့ရပြီး သင်္ဘောပေါ်တွင် သီရိလင်္ကာ နိုင်ငံမှ ဝန်ထမ်း ၈ ဦး လိုက်ပါသွားခဲ့ကြောင်း အတည်ပြုပြောကြား ခဲ့သည်။
John Steed က သင်္ဘောအား ဖမ်းဆီး ခဲ့သူသည် တံငါသည် သို့မဟုတ် ဒုစရိုက် သမားများ ဖြစ်နိုင်သော်လည်း ယခု ဆောင်ရွက်မှုသည် ပင်လယ်ဓားပြ များ၏ ဆောင်ရွက်မှု မျိုးသာဖြစ်ကြောင်း ၊ ယခင်ချိန်က ဆိုမာလီယာ ပင်လယ်ပြင်တွင် ပင်လယ်ဓားပြ ၏ တိုက်ခိုက်မှု ခံရသည့် ကိစ္စရပ်များ ဖြစ်ပွားလေ့ရှိသော်လည်း ယခုဖြစ်ပွားခဲ့သည့် အမှု သည် ၅ နှစ်တာ ကာလ အတွင်း ဆိုမာလီယာ ပင်လယ်ပြင်တွင် ပထမ ဦးဆုံးသော သင်္ဘော ဖမ်းဆီးခံရမှု ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
ဆိုမာလီယာ နိုင်ငံ အစိုးရ ဌာန မှ အမည်မဖော်လိုသော အရာရှိ တစ်ဦး မှလည်း ဆင်ဟွာ သတင်းဌာန သို့ “ကျွန်တော့ အနေဖြင့် လက်ရှိချိန်တွင် သင်္ဘော ဖမ်းဆီးခံရခြင်းကို အတည်ပြုနိုင်ပြီး ကျွန်တော်တို့အနေဖြင့် အနီးကပ် စောင့်ကြည့်လေ့လာနေတယ်” ဟုပြောကြား ခဲ့သည်။
သီရိလင်္ကာ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး က မတ်လ ၁၄ ရက်နေ့တွင် ကျင်းပ ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် လက်ရှိချိန်၌ သင်္ဘော ဖမ်းဆီးခံရမှု နှင့် ပတ်သက်၍ လေ့လာစုံစမ်းနေသော်လည်း သင်္ဘောပေါ် တွင် သီရိလင်္ကာ နိုင်ငံ သား သင်္ဘော ဝန်ထမ်း ၈ ဦး လိုက်ပါ ခဲ့ကြောင်း ပြောကြား ခဲ့သည်။(Xinhua)