Africa & Middle East
ဆော်ဒီအာရေဗျနိုင်ငံက ပထမဆုံးအကြိမ် ဆက်သွယ်ရေးဂြိုဟ်တု လွှတ်တင်

ရီယက်၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)
ဆော်ဒီအာရေဗျနိုင်ငံက ၎င်း၏ ပထမဆုံး ဆက်သွယ်ရေး ဂြိုဟ်တုကို ပြင်သစ် ဂီယာနာ အာကာသ စင်တာမှ ဖေဖော်ဝါရီ ၅ ရက်တွင် လွှတ်တင်ခဲ့ကြောင်း ဆော်ဒီ သတင်းအေဂျင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
စက်မှုကုန်ထုတ်လုပ်မှုနှင့် ဂြိုလ်တုပစ်လွှတ်မှုဆိုင်ရာ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုကို ဆော်ဒီလူငယ်များ စွမ်းဆောင်နိုင်စေရန် နှင့် မဟာဗျူဟာမြောက် နည်းပညာများ ကန့်သတ်ပြသရန် ရည်ရွယ်ပြီး ဂြိုလ်တုလွှတ်တင်လိုက်ခြင်းဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန စက်မှုနှင့် သတ္တုအရင်းအမြစ် ဝန်ကြီး Khaled bin Abdulaziz Al-Falihက ပြောကြားသည်။
အဆိုပါ ဆက်သွယ်ရေး ဂြိုလ်တု SGS-1သည် သဘာဝဘေးအန္တရာယ်ကျနေရာများနှင့် ဝေးလံခေါင်ဖျားသော နေရာများကို လုံခြုံစိတ်ချရသော ဆက်သွယ်ရေးရရှိစေရန်၊ ဘရော့ဒ်ဘန်း ဆက်သွယ်ရေးအပါအဝင် များပြားလှစွာသော applications များအသုံးပြုနိုင်ရန်၊ မြန်နှုန်းမြင့် အာကာသဆက်သွယ်မှုများပြုလုပ်နိုင်ရန် ရည်ရွှယ်ကြောင်း သိရသည်။(Xinhua)