Africa & Middle East
တူရကီနိုင်ငံ အနောက်တောင်ပိုင်းတွင် တောမီးလောင်ကျွမ်းမှုကြောင့် နေအိမ်အလုံး ၄၀ မီးလောင်ပျက်စီး

အစ္စတန်ဘူလ်၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)
တူရကီနိုင်ငံ အနောက်တောင်ပိုင်း Mugla ပြည်နယ် ရှိ သစ်တောတစ်ခုတွင် စက်တင်ဘာ ၆ ရက် က တောမီးအကြီးအကျယ်လောင်ကျွမ်းခဲ့ရာ အနည်းဆုံး နေအိမ်အလုံး ၄၀ မီးလောင်ပျက်စီးခဲ့ပြီး လူ ၂၅၀ခန့်ကို နေရာရွှေ့ပြောင်းကယ်ဆယ်ပေးထားကြောင်း ပြည်တွင်းမီဒီယာက ဖော်ပြခဲ့သည်။
ပုဂ္ဂလိကပိုင် ဒိုဂန် သတင်းဋ္ဌာန က တောမီးသည် Zeytinkoy ခရိုင်ရှိ စုစုပေါင်း နေအိမ် ၁၃၆လုံး သို့ ကူးစက်လောင်ကျွမ်းခဲ့ကြောင်းဖော်ပြခဲ့သည်။
ဒိုဂန်သတင်းဋ္ဌာနက နေအိမ် အလုံး ၃၀ခန့်ကို မီးငြိမ်းသတ်နိုင်ခဲ့ပြီး မီးသတ်ယာဉ်များ၊ ရဟတ်ယာဉ် ၁၁စီး နှင့် လေယာဉ်ပျံ ၄စီး တောမီးငြိမ်းသတ်ရာတွင် ပါဝင်ခဲ့ကြောင်း ဖော်ပြခဲ့သည်။ (Xinhua)