Connect with us

Africa & Middle East

အမေရိကန်၌ ပြုလုပ်သောလေ့ကျင့်မှုအတွင်း အီရတ် F-16 တိုက်လေယာဉ်ပျက် ၊ လေယာဉ်မှူးသေဆုံး

အမေရိကန်နိုင်ငံထုတ် F-16 ဂျက်တိုက်လေယာဉ်တစ်စင်းအားတွေ့ ရစဉ်(ဆင်ဟွာ)

ဘဂ္ဂဒတ် ၊ စက်တင်ဘာ ၇ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံတွင် ပြုလုပ်သော လေ့ကျင့်မှု တစ်ခုတွင် အီရတ် F-16 ဂျက်တိုက်လေယာဉ်တစ်စင်း စက်တင်ဘာလ ၆ ရက်တွင် ပျက်ကျခဲ့ကြောင်း အီရတ်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။

“ အမေရိကန်နိုင်ငံ အရီဇိုးနားမှာ အီရတ်စံတော်ချိန် ညပိုင်းက လေ့ကျင့်မှု အစီအစဉ်တစ်ခုမှာ အီရတ်လေတပ်က F-16 တိုက်လေယာဉ်တစ်စင်းပျက်ကျသွားခဲ့ပါတယ်။ အဲဒီမတော်တဆ လေယာဉ်ပျက်ကျမှုကြောင့် အီရတ်လေတပ်က လေယာဉ်မှူးတစ်ဦး သေဆုံးခဲ့ရပါတယ်” ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လေယာဉ်ပျက်မှုနှင့်ပတ်သက်၍ ပူးတွဲစုံစမ်းစစ်ဆေးမှု တစ်ခုပြုလုပ်ရန် အီရတ်ကာကွယ်ရေးဝန်ကြီးက အမိန့်ပေးထားပြီး သေဆုံးသွားသော လေယာဉ်မှူး၏ ရာထူး နှင့် အမည် အတိအကျကို ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားခြင်းမရှိကြောင်း သိရသည်။

၂ဝ၁၂ ခုနှစ်ကတည်းက လေယာဉ်သစ်များအတွက် အီရတ်လေယာဉ်မှူးများက လေ့ကျင့်ပျံသန်းလျက်ရှိပြီး အီရတ်အစိုးရသည် လော့ခ်ဟီမာတင် F-16 ဂျက်လေယာဉ် အမောင်းကျင့်ရန်အတွက် လေယာဉ်မှူး ၃၆ ဦးကို စေလွှတ်ထားကြောင်း အစောပိုင်းက သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.