Africa & Middle East
တောင်ဆူဒန်တွင် အစိုးရစစ်တပ်နှင့်အစိုးရဆန့်ကျင်လက်နက်ကိုင်တို့အကြား ပဋိပက္ခဖြစ်ပွား

နိုင်ရိုဘီ ၊ မေ ၁၅ ရက်(ဆင်ဟွာ)
တောင်ဆူဒန်မြောက်ပိုင်း ဆူဒန်နှင့်ကပ်လျက်ရှိသော ဒေသတွင် မေလ ၁၄ ရက် က အစိုးရဆန့်ကျင်လက်နက်ကိုင်များနှင့်အစိုးရစစ်တပ်တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း တောင်ဆူဒန်အစိုးရစစ်တပ်က ထိုနေ့တွင် ပြောကြားခဲ့သည်။
အစိုးရဆန့်ကျင်လက်နက်ကိုင်များက မေလ ၉ ရက်နှင့် ၁၁ ရက်တွင် Raga ဒေသရှိ အစိုးရတပ်စခန်း သို့ နှစ်ကြိမ်ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ထို့အပြင် လက်နက်ကိုင်များက Raga ဒေသရှိမြို့တစ်မြို့ အားသိမ်းပိုက်ရန်ကြိုးစားခဲ့ရာ အစိုးရတပ်က ပြန်လည်တိုက်ခိုက်နိုင်ခဲ့ကြောင်း တောင်ဆူဒန်အစိုးရ စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
ယခုနှစ်ပိုင်းများတွင် တောင်ဆူဒန်၏နိုင်ငံရေးအခြေအနေရှုပ်ထွေးနေကြောင်းသိရသည်။ ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ တောင်ဆူဒန်သမ္မတ Salva Kiir Mayardit နှင့် ယခင် ပထမ ဒုသမ္မတဟောင်း Riek Macharတို့အကြား အာဏာပြိုင်ဆိုင်မှုကြောင့် တစ်နိုင်ငံလုံးတွင် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွား ခဲ့သောကြောင့် လူသားချင်စာနာထောက်ထားမှုဆိုင်ရာ ဆိုးကျိုးများဖြစ်ပွားခဲ့သည်။
၂၀၁၆ ခုနှစ် ဧပြီလတွင် နှစ်ဖက်အတူ အမျိုးသားစည်းလုံးညီညွတ်မှု အသွင်ကူးပြောင်းရေးအစိုးရ ဖွဲ့စည်းခဲ့သော်လည်း ထိုနှစ် ဇူလိုင်လတွင် နှစ်ဖက်စစ်တပ်က ပြင်းထန်သော ပဋိပက္ခများဖြစ်ပွားခဲ့ပြီး Riek Macharက မြို့တော်ဂျူးဘားမှ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ယခုအခါ တောင်ဆူဒန်အတွင်းရှိ အစိုးရ ဆန့်ကျင်လက်နက်ကိုင်များကို Riek Machar က ထိန်းချုပ်ထား ခြင်း ဖြစ်ကြောင်းသိရှိရသည်။ (Xinhua)