Connect with us

Africa & Middle East

မိုဇမ်ဘစ်နိုင်ငံ မာပူတိုတွင် လမ်းဘေးမှလူအုပ်ကို မောင်းနှင်လာသောယာဉ်က အရှိန်မထိန်းနိုင် ဝင်တိုက်မိခြင်းကြောင့် သေဆုံးဒဏ်ရရသူများရှိ

မိုဇမ်ဘစ်နိုင်ငံရှိယာဉ်မောင်းလမ်းအားတွေ့ရစဉ်(အင်တာနက်)

မာပူတို ၊ မတ်လ ၂၆ ရက်(ဆင်ဟွာ)

မိုဇမ်ဘစ်နိုင်ငံ၏မြို့တော် မာပူတိုတွင် မတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းက မောင်းနှင်လာသော မော်တော်ယာဉ် တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းနံဘေးရှိ လူစုအားဝင်တိုက်မိရာ ယာဉ်မောင်းအပါအဝင် လူ၂၃ ဦး သေဆုံးခဲ့ပြီး လူ ၃၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုဖြစ်ပွားရသည့်အကြောင်းအရာကို အသေးစိတ်မသိရှိရသေးသော်လည်း ယာဉ်မောင်း က အရက်သောက်ပြီးယာဉ်မောင်းခြင်းဖြစ်နိုင်ကြောင်း ၊ ယာဉ်တိုက်မှုဖြစ်ပွားရာနေရာအနီးအနားတွင်ရှိသော ယာဉ်ထိန်းရဲ၏စစ်ဆေးမှုကို ရှောင်ရာမှ ယခုကဲ့သို့ အရှိန်မထိန်းနိုင်ဘဲ ယာဉ်တိုက်မှုဖြစ်ပွားရကြောင်း ဒေသခံမီဒီယာများက မျက်မြင် သက်သေများ၏ပြောဆိုချက်အရ သတင်းထုတ်ပြန်ရေးသားထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.