Connect with us

Africa & Middle East

ယီမင် နိုင်ငံ အစိုးရ တပ်ဖွဲ့ကဟူဒီ လက်နက်ကိုင် အဖွဲ့အစည်း အဖွဲ့ဝင် ၈၀ ဦး အား ပစ်ခတ်ရှင်းလင်း

ယီမင် နိုင်ငံ အစိုးရ တပ်ဖွဲ့ဝင် များ ရှေ့တန်း သို့ ထွက်ခွာ နေစဉ်(ဆင်ဟွာ)

ကူဝိတ်စီးတီး ၊ ဧပြီ ၇ ရက် (ဆင်ဟွာ)

လွန်ခဲ့သည့် ၂၄ နာရီ အတွင်း အစိုးရ တပ်ဖွဲ့ နှင့် ဟူဒီ လက်နက်ကိုင် အဖွဲ့အစည်း တို့ က နိုင်ငံ တောင်ပိုင်း Dhale ပြည်နယ် တွင် ပြင်းထန် သည့် တိုက်ပွဲ ဖြစ်ပွား ခဲ့ပြီး အနည်းဆုံး ဟူဒီ လက်နက်ကိုင် အဖွဲ့ဝင် ၈၀ ဦး အား ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ကြောင်း ယီမင်အစိုးရတပ်ဖွဲ့ကဧပြီ ၆ ရက် ၌ ထုတ်ပြန် ကြေညာ ခဲ့သည်။

ထုတ်ပြန်ကြေညာချက်အရ ဟူဒီလက်နက်ကိုင် အဖွဲ့အစည်း က ဧပြီ ၅ ရက် မှ စတင်၍ Dhale ပြည်နယ် မြောက်ပိုင်း ဒေသ ရှိ အစိုးရ တပ်စခန်း ကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း ၊ နှစ်ဖက် တပ်ဖွဲ့ တို့မှ ပြင်းထန်စွာ တိုက်ပွဲ ဖြစ်ပွား ခဲ့ပြီး ကြေညာချက် ထုတ်ပြန်ချိန်ထိ တိုက်ပွဲ ဆက်လက် ဖြစ်ပွား နေကြောင်း သိရှိရသည်။

Dhale ပြည်နယ် တွင် နေထိုင်သူများ ၏ ပြောကြားချက် အရ ဆယ်နှင့်ချီသော အစိုးရ တပ်ဖွဲ့ဝင် များ တိုက်ပွဲ အတွင်း သေဆုံး ဒဏ်ရာရရှိခဲ့ကြောင်း ၊ ဟူဒီလက်နက်ကိုင် အဖွဲ့အစည်း အနေဖြင့် မည်သည့် ထုတ်ပြန်ကြေညာမှု မှ မပြုလုပ်သေးကြောင်း သိရှိရသည်။

Dhale ပြည်နယ် သည် ယီမင် နိုင်ငံ တောင်ပိုင်းတွင် တည်ရှိပြီး စစ်ရေးဆိုင်ရာ အရေးပါသည့် မဟာဗျူဟာ ကျသော တည်နေရာ ဖြစ်ကြောင်း ၊ ယင်းပြည်နယ် မြောက်ပိုင်း တောင်တန်းဒေသ အချို့ အား ဟူဒီလက်နက်ကိုင် အဖွဲ့အစည်း က ထိန်းချုပ်ထားပြီး အစိုးရ တပ်ဖွဲ့ က ယင်းဒေသ ရှိ ရွာ အချို့ အား ထိန်းချုပ် ထားကြောင်း ၊ အစိုးရ တပ်ဖွဲ့ နှင့် ဟူဒီ လက်နက်ကိုင် တပ်ဖွဲ့ တို့ က Dhale ပြည်နယ် မြောက်ပိုင်း နှင့် အနောက်ပိုင်း ဒေသ များတွင် မကြာခဏ တိုက်ခိုက်မှု ဖြစ်ပွား လေ့ရှိကြောင်း သိရှိရသည်။

၂၀၁၄ ခုနှစ် စက်တင်ဘာ လပိုင်း တွင် ယီမင် ဟူဒီ လက်နက်ကိုင် တပ်ဖွဲ့ မှ ယီမင် နိုင်ငံ မြို့တော် ကို သိမ်းပိုက် ခဲ့ပြီး နောက် ယီမင် နိုင်ငံ တောင်ပိုင်း ဒေသ ကို သိမ်းပိုက် ခဲ့သဖြင့် သမ္မတ Abdrabbuh Mansur Hadi မှာ ဆော်ဒီအာရေဗျ နိုင်ငံ သို့ တိမ်းရှောင် ခဲ့ရကြောင်း ၊ ၂၀၁၅ ခုနှစ် မတ်လပိုင်း တွင် ဆော်ဒီအာရေဗျ နိုင်ငံ ဦးဆောင်သည့် ညွန်ပေါင်းတပ်ဖွဲ့သည် ဟူဒီ လက်နက်ကိုင် တပ်ဖွဲ့ အား တိုက်ခိုက်သည့် စစ်ဆင်ရေး ကို စတင်ခဲ့ကြောင်း ၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ တွင် ကုလသမဂ္ဂ ၏ ဦးဆောင်မှု အောက်တွင် ယီမင် အစိုးရ တပ်ဖွဲ့ နှင့် ဟူဒီ လက်နက်ကိုင် တပ်ဖွဲ့ တို့ က အပစ်အခတ် ရပ်စဲရေး နှင့် ဖမ်းဆီးရရှိသူ များ လှယ်လဲရေး နှင့် ပတ်သက်၍ သဘောတူညီမှု ရရှိခဲ့သော်လည်း အပြန်အလှန် သဘောတူညီချက် အား ချိုးဖောက်သည်ဟု ဝေဖန် ခဲ့ကြောင်း သိရှိရသည်။ (Xinhua)