Africa & Middle East
ယီမင် နိုင်ငံ အမျိုးသား ဘဏ် ၏ ဘဏ်ခွဲ တစ်ခု ၌ လက်နက်ကိုင် အဖွဲ့ တစ်ခု ၏ တိုက်ခိုက်မှုကြောင့် လူ ၃ ဦး သေဆုံး
ကိုင်ရို ၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)
ယီမင် နိုင်ငံ အမျိုးသား ဘဏ် ၏ Aden မြို့ရှိ ဘဏ်ခွဲ တစ်ခု သည် ဇူလိုင်လ ၁၃ ရက်နေ့ က လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ ၏ တိုက်ခိုက်မှု ကို ခံခဲ့ရပြီး လုံခြုံရေး ဝန်ထမ်း ၃ ဦး သေဆုံး ခဲ့ကာ ၅ ဦး ဒဏ်ရာရရှိခဲ့သော်လည်း ဘဏ်ခွဲ မန်နေဂျာ က အာမခံ သေတ္တာ ကို ဖွင့်ပေးရန် ငြင်းဆိုခဲ့သဖြင့် ကြီးမားသည့် ငွေကြေးဆုံးရှုံးမှု မဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။
အမည်မဖော်လိုသော ရဲတပ်ဖွဲ့ဝင် တစ်ဦး က ဆင်ဟွာ သတင်းဌာန သို့ ပြောကြား ခဲ့ရာတွင် မျက်နှာဖုံး ဝတ်ဆင်ထားသည့် လက်နက်ကိုင် အဖွဲ့ဝင် ၈ ဦး သည် ဘဏ်ကို တိုက်ခိုက်ခဲ့ကြကြောင်း ၊ စစ်ဝတ်စုံ ဝတ်ဆင်ထားသည့် လက်နက်ကိုင် ၄ ဦး က ဦးစွာ ဘဏ် အတွင်း သို့ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ကျန် ၄ ဦး တို့က ဘဏ်အတွင်း သေနတ်ဖြင့် ဦးတည်ရာ ကို ပစ်ခတ်ခဲ့ကြကြောင်း ၊ လုံခြုံရေး ဝန်ထမ်း ၃ ဦး ကို ပစ်ခတ်ခဲ့ပြီး နောက်တွင် လက်နက်ကိုင် အဖွဲ့က ထွက်ခွာ သွားခဲ့ကြပြီး လက်ရှိချိန်တွင် ဖမ်းဆီး နိုင်ခြင်း မရှိသေးကြောင်း ပြောကြား ခဲ့သည်။
ယင်းဘဏ်ခွဲ ၏ ဝန်ထမ်း တစ်ဦး က ဘဏ်ခွဲ မန်နေဂျာ က အာမခံ သေတ္တာ ကို ဖွင့်ပေးရန် ငြင်းဆိုခဲ့သဖြင့် ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခတ် ခံခဲ့ရပြီး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း ပြောကြား ခဲ့သည်။
လက်ရှိချိန်တွင် မည်သည့် အဖွဲ့အစည်း မှ ဘဏ်တိုက်ခိုက်မှု ကို ဆောင်ရွက်ခဲ့ကြောင်း မရှိသေးဘဲ ဆေးရုံသို့ ရောက်ရှိနေသော ဒဏ်ရာရရှိသူများ မှာ ဒဏ်ရာအလွန်ပြင်းထန်ကြောင်း သိရှိရသည်။(Xinhua)