Connect with us

Africa & Middle East

ပင်တဂွန် က အမေရိကန် တပ်ဖွဲ့သည် ဆီးရီးယား နိုင်ငံ အတွင်းရှိ IS တပ်ဖွဲ့ ဌာနချုပ် တည်ရှိရာ Raqqa မြို့ သို့ ရောက်ရှိပြီ ဖြစ်ကြောင်း ထုတ်ပြန်

ဆီးရီးယား နိုင်ငံ အတွင်းရှိ အမေရိကန် တပ်ဖွဲ့ မှ တင့်ကား တစ်စင်းအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Ryan Dillon က အမေရိကန် နိုင်ငံ တပ်ဖွဲ့ သည် ဆီးရီးယား နိုင်ငံ အတွင်းရှိ IS အစွန်းရောက် အဖွဲ့အစည်း ဌာနချုပ် တည်ရှိရာ Raqqa မြို့ တို ရောက်ရှိခဲ့ပြီး ဒေသတွင်း လက်နက်ကိုင် တပ်ဖွဲ့ များနှင့် အတူတကွ IS တပ်ဖွဲ့ ကို တိုက်ခိုက်သွားမည် ဖြစ်ကြောင်း ဇူလိုင်လ ၁၂ ရက်နေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ တွင် ပြောကြား ခဲ့သည်။

Dillon က သတင်းစာရှင်းလင်းပွဲ တွင် အမေရိကန် နိုင်ငံ မှ ဦးဆောင်သည့် မဟာမိတ် တပ်ဖွဲ့သည် Raqqa မြို့ သို့ရောက်ရှိခဲ့ပြီး အဓိက တာဝန်များအတွင်း မြေပြင် နှင့် လေကြောင်း ပစ်ကူ များကို ဆောင်ရွက် ပေးခိုင်းရန် လည်း ပါဝင်ကြောင်း ၊ အီရတ် နိုင်ငံ မိုဆူးလ် တိုက်ပွဲ နှင့် နှိုင်းယှဉ်လျှင် ယခု ဆီးရီးယား နိုင်ငံ တွင် အမေရိကန် တပ်ဖွဲ့ က အင်းအားပိုနည်းပြီး ဒေသတွင်း လက်နက်ကိုင် တပ်ဖွဲ့ ကို ဦးဆောင်နေကြောင်း ၊ မြေပြင် အခြေအနေ မှာ ရန်သူ နှင့် ပိုမို နီးကပ်ပြီး အမြောက်လက်နက် ပစ်ခတ်နိုင်သည့် တည်နေရာ တွင် ရောက်ရှိနေကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံ မှ ထောက်ခံသည့် ဆီးရီးယား Kurds လက်နက်ကိုင် တပ်ဖွဲ့သည် ဇွန်လ ၆ ရက်နေ့ မှ စတင်၍ Raqqa မြို့ သို့ ချီတက်တိုက်ခိုက်ခဲ့ကြသည်။ တိုက်ပွဲ အစပိုင်းတွင် လျှင်မြန်စွာ ချီတက်တိုက်ခိုက် နိုင်ခဲ့သော်လည်း မြို့တွင်း တိုက်ပွဲ ဆင်နွှဲချိန်တွင် IS လက်နက်ကိုင်တပ်ဖွဲ့ ၏ ခုခံတိုက်ခိုက်မှု နှင့် ကြုံတွေ့ ခဲ့ရသည်။ Dillon က Raqqa မြို့ တွင် IS အစွန်းရောက် အဖွဲ့အစည်း မှ အဖွဲ့ဝင် ၂၀၀၀ ခန့် ကျန်ရှိနေကြောင်း ပြောကြား ခဲ့သည်။

Raqqa မြို့ သည် ဆီးရီးယား နိုင်ငံ မြောက်ပိုင်းတွင် တည်ရှိပြီး ၂၀၁၄ ခုနှစ်တွင် IS တပ်ဖွဲ့ ၏ သိမ်းပိုက်မှု ကို ခံခဲ့ရပြီး IS တပ်ဖွဲ့ က ၎င်းတို့၏ မြို့တော် အဖြင့် သတ်မှတ် ခဲ့ကြသည်။ IS တပ်ဖွဲ့၏ အီရတ် နိုင်ငံ အတွင်းရှိ မိုဆူးလ် တပ်စခန်း ဌာနချုပ် မှ ကျရှုံးခဲ့ပြီးနောက်တွင် နိုင်ငံတကာ အတိုင်းအဝိုင်း က Raqqa မြို့ သိမ်းပိုက်ရေး တိုက်ပွဲ သည် IS ကို အမြစ်ပျက် ချေမှုန်း နိုင်မည့် တိုက်ပွဲ ဟု သတ်မှတ် ခဲ့ကြသည်။

အီရတ် နိုင်ငံ သမ္မတ က ဇူလိုင်လ ၁၀ ရက်နေ့၌ မိုဆူးလ်မြို့ ကို ဘက်စုံသိမ်းပိုက်မည် ဟု ကြေညာ ခဲ့ပြီး အီရတ် နိုင်ငံ အခြေစိုက် အမေရိကန် တပ်ဖွဲ့ မှ အဆင့်မြင့် တပ်မှူး က မဟာမိတ် တပ်ဖွဲ့ ၏ နောက်တစ်ဆင့် စစ်ဆင်ရေး အနေဖြင့် Raqqa မြို့ ကို သိမ်းပိုက်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

လေ့လာ သုံးသပ်ရေး သမား တို့မှ IS တပ်ဖွဲ့ ၏ အီရတ် နိုင်ငံ နှင့် ဆီးရီးယား နိုင်ငံ အတွင်းရှိ တပ်စခန်းများ ချေမှုန်းပြီးနိုင်ခဲ့လျင်လည်း ၎င်း အဖွဲ့အစည်း အနေဖြင့် ပိုမို ကျယ်ပြန့်သည့် အတိုင်းအတာ ဖြင့် အကြမ်းဖက် တိုက်ခိုက်မှု များကို ဆောင်ရွက် နိုင်ခြေရှိကြောင်း သတိပေး ပြောကြား ခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.