Connect with us

Africa & Middle East

အာဖဂန် မြောက်ပိုင်း ကွန်ဒုစ်ပြည်နယ်ရှိ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရ

အာဖဂန်နစ္စတန်နိုင်ငံ ကွန်ဒုစ်ပြည်နယ်ရှိ အာဖဂန် အထူးတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ကွန်ဒုစ်၊ အာဖဂန်နစ္စတန်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်း ကွန်ဒုစ်ပြည်နယ် မြို့တော် ကွန်ဒုစ်မြို့အနီးရှိ Khawja Mashad တွင် ဇူလိုင်လ ၁၅ ရက်က လေကြောင်း တိုက်ခိုက်မှုခံရပြီးနောက် အနည်းဆုံး လူ သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ အရာရှိတစ်ဦးက ပြောသည်။

“ဒီနေ့ ဒေသစံတော်ချိန် နံနက် ၄း၁၅ နာရီအချိန်က ကွန်ဒုစ်မြို့ရှိ Khawja Mashad နယ်မြေမှာ တိုက်လေယာဉ် တစ်စီး တိုက်ခိုက်လို့ အနီးရှိ စာသင်ကျောင်း တစ်ကျောင်းနဲ့ နေအိမ် တစ်လုံး ပျက်စီးသွားတယ်” ဟု အဆိုပါ ပြည်နယ်၏ ပညာရေးဋ္ဌာန ညွှန်ကြားရေးမှူး Janat Gul Nasiri က ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် အနီးဝန်းကျင်ရှိ နေအိမ်မှ ကလေးငယ် သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း အထက်ပါ အရာရှိက ဖြည့်စွက် ပြောကြားခဲ့သည်။

ထို့ပြင်က ၎င်းက စာသင်ကျောင်းရှိ ဈေးဆိုင်ခန်း ၁၃ ခုလည်း ပျက်စီးခဲ့ရကြောင်း သိရသည်။

“တိုက်ခိုက်ခံရတဲ့အချိန်က နံနက် အစောကြီးဆိုတော့ ကျောင်းသားတွေက ကျောင်း မရောက်ကြသေးတဲ့ အတွက် အသက်သေဆုံးသူတော့ မရှိပါဘူး” ဟု Nasiri က ထပ်မံပြောကြားခဲ့သည်။

သို့သော်လည်း ၎င်းက ဆက်၍ အမေရိကန် ဦးဆောင်သော မဟာမိတ်တပ်ဖွဲ့က တိုက်ခိုက်ရေး ဂျက်တွေက စာသင်ကျောင်းများအား ပစ်မှတ်ထားလာကြကြောင်း ပြောကြားခဲ့သလို အနီးဝန်းကျင်တွင်လည်း အဆောက်အအုံများ ပျက်စီးနေခြင်းကို တွေ့ရသည်။

ထို့ပြင် တိုက်ခိုက်ရေး ဂျက်လေယာဉ်သည် ဇူလိုင်လ ၁၅ ရက် နံနက်ပိုင်း အလားတူ အချိန်မှာပင် ကွန်ဒုစ်မြို့ ပြင်ပ Taloka နယ်မြေတွင် တာလီဘန်များ၏ နေရာအား ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုနှင့် ပတ်သက်၍ အာဖဂန် လုံခြုံရေး တာဝန်ရှိသူများနှင့် အမေရိကန် စစ်တပ်ဘက်မှ မည်သည့် မှတ်ချက်မျှ ပေးထားခြင်း မရှိသေးပေ။

လွန်ခဲ့သည့် လပေါင်းများစွာအတွင်း ကွန်ဒုစ်တွင် တိုက်ခိုက်မှုများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီး တာလီဘန် စစ်သွေးကြွများကလည်း ကွန်ဒုစ်မြို့အား ဝင်ရောက်ဖျက်ဆီးရန် ကြိုးပမ်းမှု လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.