Africa & Middle East
ယီမင်ရှိ ဆိုကိုထရာကျွန်းတွင် သင်္ဘော နစ်မြုပ်မှုကြောင့် လူပေါင်း ၆၀ ဦး ပျောက်ဆုံးနေ
အေဒန်၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ)
ယီမင်နိုင်ငံ အစွန်အဖျားရှိ ဆိုကိုထရာကျွန်းတွင် သင်္ဘော တိမ်းမှောက်ခဲ့ရာ လူပေါင်း ၆၀ ပျောက်ဆုံးနေကြောင်း ပင်လယ်ငါးဖမ်းလုပ်ငန်း ဝန်ကြီးဋ္ဌာနက ဒီဇင်ဘာလ ၇ ရက်၌ ကြေညာလိုက်သည်။
အဆိုပါ သင်္ဘောသည် လွန်ခဲ့သည့် ငါးရက်က နိုင်ငံ အရှေ့တောင်ပိုင်း Hadramout ပြည်နယ်မှ ဆိုကိုထရာကျွန်းသို့ ကလေးများ အပါအဝင် လူပေါင်း ၆၀ ဦး အားတင်ဆောင်သွားခဲ့ပြီး ဆိုကိုထရာကျွန်းမှ ၂၅ မိုင်ဝန်းကျင်အကွာ၌ နစ်မြုပ်ခဲ့ခြင်း ဖြစ်ကြောင်း ဝန်ကြီးဋ္ဌာန ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ယင်း ဧရိယာအတွင်း သွားလာနေသည့် စပိန်နှင့် ယီမင်ပိုင် စီးပွားဖြစ် သင်္ဘောများက လူ လေးဦးအား ကယ်ဆယ်ထားကြောင်း၊ ကယ်ဆယ်ရေးနှင့် ရှာဖွေရေး လုပ်ငန်းများ လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း ယီမင်နိုင်ငံ ပင်လယ်ငါးဖမ်းလုပ်ငန်း ဝန်ကြီး Fahid Kafayen ၏ တရားဝင် လူမှုစာမျက်နှာ၌ ဖော်ပြထားသည်။
အဆိုပါ သင်္ဘော တိမ်းမှောက်မှု ဖြစ်စဉ်အား နောက်ဆက်တွဲ လုပ်ဆောင်ကြရန်နှင့် အရပ်သားများအား ကယ်ဆယ်ရန် ကမ်းခြေစောင့် တပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ကြရန် ယီမင်နိုင်ငံ ဝန်ကြီးချုပ် Bin Dagher က ညွှန်ကြားထားခဲ့သည်။
ထို့ပြင် ရှာဖွေရေး လုပ်ငန်းများအား ကူညီလုပ်ဆောင်ပေးရန် ဆော်ဒီ ဦးဆောင်သည့် ညွှန့်ပေါင်းတပ်ဖွဲ့ အုပ်ချုပ်သူများအား အကူအညီတောင်းထားကြောင်း အခြား သတင်းရင်းမြစ်က ပြောကြားခဲ့သည်။ (Xinhua)