Connect with us

Africa & Middle East

အလက်ပိုမြို့ရှိ အရပ်သား ၅ ထောင်ခန့်ကို ဘေးကင်းရာသို့ပြောင်းရွှေ့ပေးခဲ့

ဆီးရီးယားနိုင်ငံ အလက်ပိုမြို့ ရှိ စစ်ဘေးရှောင် ပြည်သူများအားတွေ့ ရစဉ်(ဆင်ဟွာ)

ဒမတ်စကက်စ် ၊ ဒီဇင်ဘာ ၁ဝ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံမြောက်ပိုင်း အလက်ပိုမြို့ရှိ သူပုန်တပ်ဖွဲ့ဝင်များထိန်းချုပ်ထားရာနေရာမှ အရပ်သား ၅ ထောင်ခန့်ကို ဘေးကင်းရာသို့ပြောင်းရွှေ့ပေးခဲ့ကြောင်း အစိုးရ သတင်းအရင်းအမြစ်က ဆင်ဟွာသတင်းဌာနသို့ပြောကြားခဲ့သည်။

အလက်ပိုမြို့အရှေ့ပိုင်းရှိ သူပုန်များထိန်းချုပ်ထားရာနေရာမှ အရပ်သားများကို မြို့တောင်ပိုင်းရှိ Jibreen ယာယီကယ်ဆယ်ရေးစခန်းသို့ပြောင်းရွှေ့ပေးခဲ့ကြောင်း အလက်ပိုမြို့သက်သာချောင်ချိရေးကော်မတီ မှ Ala Addien Qasab က ဆိုသည်။

ပြီးခဲ့သော ရက်သတ္တပတ်မှ စတင်ကာ ကယ်ဆယ်ရေးစခန်းသို့စစ်ရှောင်ပြည်သူ ၁၅,ဝဝဝ နီးပါး ရောက်ရှိလာကြောင်း ၊ နောက်ထပ်ရောက်ရှိလာသူများအတွက် ယာယီတဲများကို တိုး၍ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း (သို့မဟုတ်) အစိုးရထိန်းချုပ်ရာနယ်မြေ(မြို့အနောက်ဘက်) တွင် နေထိုင်နေကြသည့် ၎င်းတို့၏ဆွေမျိုးသားချင်းများထံ ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

၂ဝ၁၂ ခုနှစ်ကတည်းက သူပုန်တပ်ဖွဲ့ဝင်များ သိမ်းပိုက်ထားသော အလက်ပိုမြို့၏ ၈ဝ ရာခိုင်နှုန်းကို ဆီးရီးယားအစိုးရတပ်ဖွဲ့ဝင်များက ပြန်လည်သိမ်းပိုက်နိုင်ခဲ့သော်လည်း မြို အရှေ့ဘက်ပိုင်းတွင်မူ အစိုးရတပ်ဖွဲ့ဝင်များသည် ပြင်းထန်သည့် ခုခံမှုများဖြင့် ကြုံတွေ့နေရကြောင်းသိရသည်။

အလက်ပိုမြို့အရှေ့ဘက်ပိုင်းရှိ အရပ်သား ၃ သောင်းကျော်သည် အစိုးရတပ်ဖွဲ့ဝင်များထိန်းချုပ်ထားရာနေရာသို့ဦးတည် ထွက်ခွာသွားကြောင်း နိုင်ငံတကာကြက်ခြေနီတပ်ဖွဲ့က ပြီးခဲ့သော ရက်သတ္တပတ်တွင် ပြောကြားခဲ့သည်။

ဆီးရီးယားနိုင်ငံ အစိုးရတပ်ဖွဲ့ဝင်များသည် အလက်ပိုမြို့တစ်ခုလုံးကို ပြန်လည်သိမ်းပိုက်နိုင်ရန် အပြင်းအထန်တိုက်ပွဲဝင်လျက်ရှိသည်။ သူပုန်တပ်ဖွဲ့ဝင်များ ထိန်းချုပ်ထားရာ အလက်ပိုမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခြင်းသည် ဆီးရီးယားစစ်မြေပြင်တွင် အပြောင်းအလဲ လမ်းကြောင်းတစ်ခုဖြစ်စေ လိမ့်မည်ဖြစ်ကြောင်း ဆီးရီးယားနိုင်ငံသမ္မတ အာဆတ်က ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.