Africa & Middle East
ရဝမ်ဒါနိင်ငံ အရှေ့ပိုင်း တွင် မိုင်းမတော်တဆမှုကြောင့် လူ ၁၄ဦးသေဆုံး

ကီဂလီ၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)
ရဝမ်ဒါနိုင်ငံ အရှေ့ပိုင်း၊ Rwamagana ခရိုင်၊ Mwulireဒေသ ရှိ cassiteriteသတ္တုမိုင်း လုပ်ကွက်မှ
မိုင်းမတော်တဆမှုကြောင့် မိုင်းလုပ်သား၁၄ ဦး ဇန်နဝါရီ လ ၂၁ ရက် နေ့တွင် သေဆုံးခဲ့ရကြောင်း၊ ခရိုင်မြို့တော်ဝန် ရဒ်ဂျက် အမ်ဘွန်မူဝုညီ (Radjab Mbonyumuvunyi) က ဆင်ဟွာကို တယ်လီဖုန်းထဲမှ ပြောကြားသည်။
မတော်တဆမှုကြောင့် သေဆုံးရသူများသည် အမျိုးသား ၇ဦး နှင့် အမျိုးသမီး ၇ ဦး ပါဝင်ခဲ့ပြီး သတ္တုတွင်းထဲတွင် မိုင်းအတွင်း၌ ပုံမှန်အလုပ်လုပ်နေစဉ် တောင်ကမ်းပါးယံခိုင်ခံ့မှု အားနည်းသည့်အတွက် ပြိုကျမှုဖြစ်ပွားခဲ့ပြီး ၎င်းတို့သည် မြေအောက်တွင် ပိတ်မိနေခဲ့ကြောင်း Mbonyumuvunyi ကပြောသည်။
သတ္တုတွင်းရှိသည့် တောင်ကမ်းပါးသည် မိုးသည်းထန်စွာရွာသောကြောင့် ချောက်ကမ်းပါးသည် ခိုင်ခံ့မှုအားနည်းကြောင်း ၎င်းကဆိုသည်။
ရဲတပ်ဖွဲ့အနေဖြင့် ရုပ်အလောင်းများအား မြေအောက်မှ ဆွဲထုတ်ရန်ဆောင်ရွက်နေကြောင်း ၎င်း၏ပြောကြားချက် အရသိရသည်။
ပြီးခဲ့သည့် မတ်လ တွင် ရဝမ်ဒါနိုင်ငံအနောက်ပိုင်း၊ Nyamasheke ခရိုင်၌ ရဝမ်ဒါနိုင်ငံသားမိုင်းလုပ်သားနှစ်ဦး မိုင်းတွင်းပြိုကျ၍ သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)