Africa & Middle East
လက်ဘနွန်နိုင်ငံမှ ဆီးရီးယားဒုက္ခသည် များပြားစွာပြန်ရောက်

ဒမတ်စကပ် ၊မတ် ၁ ရက် (ဆင်ဟွာ)
များပြားလှသော ဆီးရီးယားဒုက္ခသည်များသည် လက်ဘနွန်နိုင်ငံသို့ ရောက်ရှိနေရာမှ ဆီးရီးယားနိုင်ငံသို့ ဖေဖော်ဝါရီ ၂၈ ရက်က ပြန်ရောက်လာခဲ့ကြောင်း ပြည်နယ်သတင်းအေဂျင်စီ SANAသတင်းအရ သိရသည်။
ဆီးရီးယားဒုက္ခသည်များကို ဘတ်စ်ကား ၂၂ စီးဖြင့် ဆီးရီးယားနိုင်ငံတွင်းသို့ သယ်ယူကာ နိုင်ငံအလယ်ပိုင်း ဟုမ်းစ် ပြည်နယ်နှင့် အလက်ပို၊ ဟားမား၊ ဒယ်အယ်လ်ဇိုနှင့် ဒမတ်သကပ်များအတွင်းရှိ ၎င်းတို့၏ နေရပ်မြို့များသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဆီးရီးယားနိုင်ငံတွင်း ၎င်းတို့၏ နယ်မြေများတွင် သူပုန်များအား ရှင်းလင်းပြီးနောက် လွန်ခဲ့သော လအနည်းငယ် အတွင်း လက်ဘနွန်နိုင်ငံမှ ဆီးရီးယားဒုက္ခသည်များစွာ ၎င်းတို့အိမ်ရာများသို့ ပြန်လျက်ရှိကြော်ငး SANAသတင်းအရ သိရသည်။
ဆီးရီးယားဒုက္ခသည်များ ၎င်းတို့၏ ဇာတိမြေကို လွယ်ကူချောမောစွာပြန်နိုင်ရန်အတွက် ရုရှားနိုင်ငံက မဟာဗျူဟာ တစ်ရပ်ရေးဆွဲ၍ လက်ဘနွန်အာဏာပိုင်များထံ တင်ပြခဲ့ကြောင်း သိရသည်။
အဆိုပါ မဟာဗျူဟာရည်ရွယ်ချက်သည် ဆီးရီးယားဒုက္ခသည် ၈၉၀,၀၀၀ ဦးအား ၎င်းတို့ မွေးရပ်မြေသို့ လုံခြုံစွာ ပြန်လည်ရောက်ရှိရန်ဖြစ်ကြောင်း သိရသည်။(Xinhua)