Africa & Middle East
သဲကန္တာရ အလယ်ပိုင်းတွင် မုတ်သုန် သစ်တောပါ ဟိုတယ် တစ်ခု ဒူဘိုင်း တည်ဆောက်

ဒူဘိုင်း၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)
ကိုယ်ပိုင် မုတ်သုန်သစ်တော ပါဝင်သည့် ကမ္ဘာ့ပထမဆုံး ဟိုတယ်အား ဒူဘိုင်းတွင် တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။
ယင်း မိုးလုံလေလုံ မုတ်သုန် သစ်တောအား ရေတံခွန်များ၊ ကမ်းခြေတု တစ်ခု၊ ရေကူးကန် တစ်ခုနှင့် အပူပိုင်း ဒေသ သစ်ပင်အုပ်ကြီးများ ပါဝင်ကာ ဒီဇိုင်း ရေးဆွဲထားသည်။
အဆိုပါ Rosemont Hotel & Residences အား အမေရိကန် ဒေါ်လာ သန်း ၃၀၀ အကုန်အကျခံ တည်ဆောက်ထားပြီး ၂၀၁၈ ခုနှစ်တွင် ဖွင့်လှစ်မည် ဖြစ်သည်။
ကြယ် ငါးပွင့်အဆင့်ရှိ ဟိုတယ်တွင် ၄၇ ထပ်ရှိ တာဝါ နှစ်လုံး ကပ်လျက် တည်ဆောက်ထားပြီး ကမ္ဘာတစ်ဝန်းမှ အားလပ်ရက် အပန်းဖြေမည့်သူများနှင့် စီးပွားရေးဆိုင်ရာ ခရီးသည်များအတွက် ဧည့်သည်အိပ်ခန်းပေါင်း ၄၅၀ ပါဝင်သည်။ ဟိုတယ်၌ လာရောက် အပန်းဖြေသူများ အနေဖြင့် ရေကူးကန်အတွင်း အပန်းဖြေရင်း ဒူဘိုင်းမြို့ အား အပေါ်စီးမှ မြင်တွေ့ ခံစားနိုင်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)