Africa & Middle East
အစ္စရေးနှင့် တည်တံ့သော အပစ်အခတ်ရပ်စဲရေးဆွေးနွေးရန် ဟားမက်စ်ခေါင်းဆောင်များအား အီဂျစ်ဖိတ်ကြား
ဂါဇာ၊ မေ ၂၆ ရက် (ဆင်ဟွာ)
ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးနှင့် အပစ်အခတ်ရပ်စဲရေးတစ်ခု တည်တံ့စေရေးအတွက် ကိုင်ရိုင်မြို့၌ ဆွေးနွေးပွဲတက်ရောက် ပါလက်စတိုင်းအစ္စလာမ်မစ်တော်လှန်ရေးလှုပ်ရှားမှု (ဟာမက်စ်) ခေါင်းဆောင်များအား အီဂျစ်နိုင်ငံက ဖိတ်ကြားခဲ့ကြောင်း တာဝန်ရှိသူများက မေ ၂၅ ရက်တွင်ပြောကြားသည်။ဂါဇာရှိ ဟားမက်စ်ပြောရေးဆိုခွင့်ရှိသူ Hazem Qassem က ယခုလှုပ်ရှားမှုနှင့် ပတ်သက်၍ ပေါ်လစ်ဗျူရို အကြီးအကဲ Ismail Haniyeh အနေဖြင့် ဖိတ်ကြားမှုအားလက်ခံရရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။ ယင်းဆွေးနွေးနွေးပွဲတွင် ၁၁ ရက်ကြာအစ္စရေးလေကြောင်း တိုက်ခိုက်မှုအပြီး ပါလက်စတိုင်းလူမျိုးများနေထိုင်ရာ၌ ကြီးမားသောအပျက်အစီးများ ဖြစ်ပေါ်ခဲ့ရခြင်းအတွက် ဂါဇာကမ်းမြောင်ဒေသ ပြည်လည်တည်ဆောက်ရေး အစီအစဉ်များအပေါ် အလေးထားရန်အတွက်လည်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
လာမည့်ရက်များတွင် Haniyeh ဦးဆောင်သော ဟားမက်စ်ကိုယ်စားလှယ်အဖွဲ့သည် ကိုင်ရိုသို့သွားမည်ဖြစ်ကြောင်း ဟားမက်စ် ပြည်ပရေးရာ လက်ထောက်အကြီးအကဲ Moussa Abu Marzouk က အတည်ပြုခဲ့သည်။
အီဂျစ်သည် ဂါဇာရှိအစ္စရေးနှင့် ဟားမက်စ်တို့ ဦးဆောင်သောစစ်သွေးကြွအုပ်စုများအကြား မေ ၂၁ ရက်တွင် အပစ်အခတ်ရပ်စဲရန် အီဂျစ်နိုင်ငံက ကြားဝင်ဆောင်ရွက်ပေးခဲ့ပြီး မေ ၁၀ ရက်တွင် စတင်ခဲ့သော ၁၁ ရက်ကြာတိုက်ပွဲများကို အဆုံးသတ်စေခဲ့သည်။
ဂါဇာကမ်းမြောင်ဒေသတွင် တည်တံ့သော အပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်၍ အဆင့်မြင့် အီဂျစ်လုံခြုံရေးအရာရှိများသည် ဟားမက်စ်ခေါင်းဆောင်များနှင့် ဂါဇာမြို့တွင်လည်ကောင်း ၊ ပါလက်စတိုင်းသမ္မတမာမွတ်အက်ဘစ်နှင့် အနောက်ဘက်ကမ်းရှိ ရာမာလာ မြို့တွင် လည်းကောင်း ၊ အစ္စရေးတာဝန်ရှိသူများနှင့် တဲလ်အဗစ်မြို့တွင်လည်းကောင်း အသီးသီး ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
Abbas အနေဖြင့် အီဂျစ်နိုင်ငံခြးရေးဝန်ကြီး Sameh Shoukry နှင့် မေ ၂၄ ရက်တွင် တွေ့ဆုံခဲ့ပြီး ဂါဇာကမ်းမြောင်ဒေသ ပြန်လည်တည်ဆောက်ရေး နှင့် တည်တံ့သော အပစ်အခတ်ရပ်စဲရေး အကြောင်းဆွေးနွေးရန် အက်ဘစ်သည် အီဂျစ်နိုင်ငံခြားရေးဝန်ကြီး Sameh Shoukryနှင့် မေ ၂၄ ရက်က တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့သည်။
အီဂျစ်သမ္မတ Abdel-Fattah al-Sisi က ဂါဇာကမ်းမြောင်ဒေသပြန်လည်တည်ဆောက်ရေးအတွက်အမေရိကန်ဒေါ်လာသန်း ၅၀၀ လှူဒါန်းမည်ဟုကြေငြာခဲ့သည်။
ပါလက်စတိုင်းနယ်မြေအား အစ္စရေးတိုက်ခိုက်မှုကြောင်း ဂါဇာကမ်းမြောင်ဒေသရှိ ကလေးငယ် ၆၆ ဦး၊ အမျိုးသမီး ၃၉ ဦး အပါအဝင် ပါလက်စတိုင်း ၂၅၄ ဦး သေဆုံးခဲ့ကြောင်းနှင့် အခြားဒဏ်ရာရရှိသူ ၁,၉၄၈ ဦးရှိကြောင်း ဟားမက်စ် ကျန်းမာရေးဝန်ကြီးဌာနက မေ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။ (Xinhua)
…………………………………………
(English Version
Egypt invites Hamas leaders for talks on stabilizing ceasefire with Israel
GAZA, May 25 (Xinhua) — Egypt has invited the leaders of the Palestinian Islamic Resistance Movement (Hamas) to hold talks in Cairo on stabilizing a ceasefire with Israel in the Gaza Strip, officials said on Tuesday.
Spokesman of Hamas in Gaza Hazem Qassem said in a press statement that the movement’s politburo chief Ismail Haniyeh received the invitation, adding that the talks will also focus on the process of reconstructing the Gaza Strip following 11 days of Israeli airstrikes which have caused massive damages to the Palestinian enclave.Moussa Abu Marzouk, the Hamas deputy chief abroad, confirmed that Haniyeh will lead a Hamas delegation to Cairo in the coming days.
Egypt brokered a ceasefire on May 21 between Israel and the Hamas-led militant groups in Gaza, ending 11 days of fighting that started on May 10.
High-ranking Egyptian security officials have held talks with Hamas leaders in Gaza, Palestinian President Mahmoud Abbas in the West Bank city of Ramallah, and Israeli officials in Tel Aviv on stabilizing the ceasefire in the Gaza Strip.
On Monday, Abbas met in Ramallah with Egyptian Foreign Minister Sameh Shoukry and discussed stabilizing the ceasefire and the reconstruction in the Gaza Strip.
Egyptian President Abdel-Fattah al-Sisi has announced that Egypt will donate 500 million U.S. dollars for the reconstruction in the Gaza Strip.
On Tuesday, the Hamas-run health ministry in the Gaza Strip said that 254 Palestinians have been killed, including 66 children and 39 women, and 1,948 others injured in Israeli attacks on the Palestinian enclave. Enditem